"ရွှေအိပ်မက်"
************
အပိုင်း- ၅"ဟော့ဟဲ"
အိမ်လေး ပြန်ပြေးလာခဲ့တော့ ထမင်းစားခန်းထဲတွင် ညို့မရှိတော့ပေ။
"ကိုလေး.. မရှိတော့ဘူးကိုး"
သို့ပေမယ့်...အိမ်လေး လက်ဖက်သုတ်လိုက်သည်။လက်ဖက်သုတ်ပေါ်တွင် ညို့ကြိုက်တဲ့ ကြက်သွန်ကြော်နဲ့ပုစွန်ခြောက်များများလေး ဖြူးလိုက်သည်။
"ဒေါက်..ဒေါက်...ကိုလေး"
အိမ်လေး တံခါးခေါက်ပေမယ့် အခန်းထဲက ထူးသံ ံထွက်မလာပေ။
"ကိုလေး...လက်ဖက်သုတ် လာပို့ပေးတာ"
အိမ်လေး အသံမြှင့်လိုက်တော့မှ...ညို့အသံကြားရသည်။
"ထားခဲ့"
အိမ်လေး တံခါးတွန်းဖွင့်လိုက်တော့ ပွင့်သွားသည်။
"ကိုလေး"
အခန်းထဲတွင် ညို့မရှိပေ။
"ကိုလေး ဘယ်ရောက်သွားတာလဲ"
ပြောပြောဆိုဆို အိမ်လေးက အကျင့်အတိုင်း တံခါးတိုင်း ရှိလိမ့်နိုး ဖွင့်ကြည့်သည်။
ရေချိုးခန်းတံခါးလည်း အိမ်လေး ဆွဲဖွင့်လိုက်သည်။ထိုအခါ ရေချိုးခန်းတွင် ရေချိုးရင်း တန်းလန်း ညို့က လှည့်ကြည့်သည်။
"အမလေးး"
အိမ်လေး မျက်လုံးစုံမှိတ်ပြီး ကျောခိုင်းလိုက်သည်။နှုတ်မှလည်း တုန်တုန်ယင်ယင်ဖြင့်...
"ကိုလေးကလည်း..လော့ချထားတာ မဟုတ်ဘူး"
အိမ်လေး စကားမဆုံးမီပင် ရေချိုးခန်းထဲက မျက်နှာသန့်ဆေးဘူး လွှင့်ပျံလာသည်။
"ဒေါက်..."
"အားး""ဒါ့ ငါ့အခန်းလေ..."
"ထွက်မသွားသေးဘဲ ဘာရပ်လိုက်နေတာလဲ"
အိမ်လေး ခေါင်းလေးကို ပွတ်ပြီး ၊
"ဟုတ်..သွားပြီ"
သွားပြီးဆိုမှ... ပြတင်းပေါက်နားက စားပွဲပေါ်တင်ထားတဲ့စာရွက်တွေကို အိမ်လေး မြင်သွားရသည်။
"ဘာစာရွက်တွေလဲ"
အတွေနဲ့အတူ လက်ကလည်း စာရွက်က ိုဆွဲယူပြီးသား ဖြစ်သွားသည်။