"ရွှေအိပ်မက်"
*************
အပိုင်း-၁၀"တီ..တီ"
ညို့ ကားပေါ်က ဆင်းပြီး အိမ်ထဲ ဝင်လာသည်နဲ့ ဧည့်ခန်းတွင် ထိုင်နေသော ဒေါ်နန်းသီတာကို လှမ်းမေးလိုက်သည်။
"အမေ ခြင်္သေ့ခေါင်းရော"
"ကျောင်းသွားတယ်လေ"
"ကျောင်းမှာ.မတွေ့ဘူး"
"ဟုတ်လို့လား..မင်းလေးရယ်"
"ဟာ..အမေကလဲ.ကျွန်တော်.ခု ကျောင်းကလာတာ"
"ပြန်လာရင် အမေ.မေးပါမယ်ကွယ်"
ညို့က အပေါ်တက်ရင်း...၊
"ကြည့်လည်းလုပ်ကြအုံးနော်..ဟိုက ယုံလို့အိမ်မှာအပ်ထားတာ"
ညို့စကားကြောင့်ဒေါ်နန်းသီတာ တွေဝေသွားပြီးမှ ခေါင်းခါလိုက်သည်။
"တရက်တလေ ကျောင်းမသွားတော့ ဘာဖြစ်မှာမို့လို့လဲ"
ညနေစောင်းလောက်တော့ အိမ်လေးပြန်ရောက်လာခဲ့သည်။
အိမ်လေးကို ထိုင်စောင့်နေသော ဒေါ်နန်းသီတာက အိမ်လေးမြင်တော့ မင်တက်သွားရသည်။
"အန်တီ..ဘာဖြစ်လို့လဲ"
"ဟင်"
ဒေါ်နန်းသီတာက အိမ်လေးကို ငေးကြည့်နေပြီးမှ...
"အိမ်လေးလား"
"ဟုတ်တယ်လေ အန်တီရယ် အိမ်လေး ဆံပင်ဖြောင့်လိုက်တာ..လှလားဟင်"
"အိုကွယ်..လှတာပေါ့..အရမ်းလှနေလို့ အန်တီက အံြသနေတာ.လာစမ်းပါအုံး.ကြည့်ရအောင်"
အိမ်လေးက ရှက်ပြုံးလေး ပြုံးလိုက်ပြီး...ဒေါ်နန်းသီတာဘေးတွင် ဝင်ထိုင်လိုက်သည်။ထိုအချိန်တွင် ညို့ကလည်း ပြန်ထွက်လာပြီး အပေါ်ထပ်ကနေ အိမ်လေးကို မြင်သွားရသည်။
မမှတ်မိလောက်အောင် ချစ်ဖို့ကောင်းနေသော အိမ်လေးကြောင့် ညို့ရင်တထိတ်ထိတ််ခုန်သွားရသည်။ညို့ဘာမှမပြောနိုင်ဘဲ စက္ကန့်အနည်းငယ်လောက် ဆွံအသွားရသည်။
ပြောင်းလဲသွားသော အိမ်လေးကိုမြင်ပြီး ညို့ဘာကို အလိုမကျမှန်းမသိတော့ဘဲ ဒေါသထွက်လာရသည်။