"ရွှေအိပ်မက်"
*************
အပိုင်း-၁၃ဘုရား..ရောက်တော့..စိုင်းက ဘုရားပန်း ဝယ်သည်။
"မြအိမ်စံ..ဘာပန်းယူမလဲ"
"သစ္စာပန်းအဖြူရောင်.ယူမယ်"
"သစ္စာပန်းအဖြူ.နှစ်စည်းနဲ့ နှင်းဆီနီတစ်စည်းပေးပါ"
"ရော့ မြအိမ်စံ"
မထင်မှတ်ဘဲ..အိမ်လေးနဲ့စိုင်းက ဘုရားပန်းတူနေကာ..လမ်းလျောက်တော့လည်း အိမ်လေးက အလယ်ကမို့..အရပ်ပုပု အိမ်လေးကို စိုင်းကငုံ့ပြောတိုင်း..သူတို့နှစ်ယောက်က စုံတွဲလိုလို...
ရတီကလည်း တမင်ဖယ်ခွာခွာမို့.. မြင်တဲ့သူတိုင်း စုံတွဲ ထင်မှာပင်။
"အိမ်လေးက..ဘယ်နေ့သမီးလဲ"
"သောကြာ"
"အဟွန်းးအဲဒါကြောင့် အရမ်းချစ်ဖို့ကောင်းတာ"
"ရှင်"
"တမျိုးမထင်ပါနဲ့..ကိုယ်ပြောတာက..သောကြာသားသမီးတွေက စကားပြောရင်.အရမ်းချစ်ဖို့ကောင်းတယ်လို့ ကိုယ်..ကြားဖူးလို့ပါ"
"အဟင်းးကိုစိုင်း..ဘာမုန့်စားချင်လဲပြော.."
"မြအိမ်စံကသာ..ကိုယ်လိုက်ကျွေးတဲ့ ညစာကို.လိုက်စားပေးပါ"
"ဟင်..ရတီ..ငါ.အိမ်ပြန်ရဦးမယ်လေ"
အိမ်လေးက ရတီဖက်လှည့်ပြီးပြောလိုက်သည်။ရတီက အိမ်လေးလက်ကို ဖျစ်ညစ်လိုက်ပြီး...
"ညနေစာ.စားရုံပဲကို ဘယ်လောက်ကြာမှာမို့လို့လဲ အပြန်.ငါတို့ ပို့ပေးပါ့မယ်.နော်.ကိုကို"
"ဟုတ်ပါတယ် မြအိမ်စံ..မလိုက်ရင်..ကိုယ်.ဘယ်လိုမှ..စိတ်ကောင်းနိုင်မှာမဟုတ်ဘူး"
အိမ်လေး သက်ပြင်းချလိုက်သည်။အိမ်လေးရဲ့အားနည်းချက်က အားနာတတ်ခြင်းနဲ့အယုံလွယ်ခြင်းဖြစ်သည်။ခုလဲ အိမ်လေး..ခေါင်းညိတ်လိုက်ပြီ..ဖြစ်သည်။
"မွအိမျစံ"
"ရှင်"
"ကိုယ် ရင်းရင်းနှီးနီးရှိအောင်..အိမ်လေးလို့ ခေါ်လို့ရမလား"
"ဟင်..ရပါတယ်..ကိုစိုင်းရယ်"
ထိုအခြင်းအရာကို အဝေးတစ်နေရာက ငေးကြည့်နေသော ညို့မျက်လုံးတို့သည် နာကျင်စွာ ရီဝေနေခဲ့သည်။အိမ်လေးက မော့ပြီးအခြားတစ်ယောက်ကို မော့ပြုံးပြလိုက်တိုင်း ရင်ဖက်ထဲက စူးခနဲ့နာကျင်သည်။