"ရွှေအိပ်မက်"
*************(ဇာတ်သိမ်း)
အပိုင်း-၂၁မနက်အချိန်ခါဝယ်...
"တီ..တီ"
ကားဟွန်းသံနဲ့အတူ ကလျာရဲ့ကားလေး ခြံဝန်းထဲ ဝင်လာသည်။အိမ်လေး ဆက်ခနဲ့ ဖြစ်သွားပြီး ပြတင်းပေါက်ကနေ ချောင်းကြည့်လိုက်သည်။
ညို့.က ကားရပ်သည်နဲ့ ကျောပိုးအိတ်လွယ်ပြီး ကားပေါ်တက်လိုက်သည်။
ထိုစဉ်..ဒေါ်နန်းသီတာ.ပြေးထွက်လာပြီး အထုတ်လေးတစ်ထုတ်ကမ်းပေးသည်။
"မင်းလေး..အမေ.လိုက်လာခဲ့မယ်နော်..အစာမစားဘဲမနေနဲ့ဦး"
"ဟုတ်ကဲ့"
ညို့ခေါင်းညိတ်ပြီး..ကားတံခါးပိတ်လိုက်သည်။ဒေါ်နန်းသီတာ မျက်နှာမသာမယာနဲ့ အိမ်ထဲပြန်ဝင်လာခဲ့သည်။
အိမ်လေး ထိုနေရာတွင် တအိအိထိုင်ကျသွားသည်။မျက်ရည်က ဘယ်တော့မှ မခမ်းနိုင်ဘဲ စီးကျလာမြဲ။
"တကယ်ကြီး.ကိုလေးနဲ့ဝေးပြီပေါ့နော်"
ထိုစဉ်..မတ်ဆေ့တစ်စောင်ဝင်လာခဲ့သည်။
"ဆုံးဖြတ်ပြီးပြီလား မစ္စ.မြအိမ်စံ"
အိမ်လေး မျက်ရည်သုတ်လိုက်ပြီး..မတ်ဆေ့ပြန်ပို့လိုက်သည်။
"မာစတာဂျုးလစ်.အိမ်လေး.စာချုပ်ကို လက်ခံပါတယ်"
အိမ်လေး ဖုန်းကို အောက်မှာချပြီး အားရပါးရ ငိုချလိုက်သည်။
"ဒီနေ့တရက်တည်း.အဝငိုပြရစေ"
်တံခါးလေးဟပြီး ကြည့်နေသော ဒေါ်ငွေအိမ်စံ တံခါးစေ့ပြီး ံပြန်ထွက်လာခဲ့သည်။
"သမီးလေးရယ် အမေ.စိတ်မကောင်းပါဘူး"
💔💔💔💔💔💔💔💔💔💔💔💔💔💔💔💔💔
ညို့ ကောင်းကင်ကြီးကို မော့ကြည့်လိုက်သည်။
ထို့စဉ်...
ပျံသန်းသွားတော့ လေယာဉ်ပျံတစ်စီးကို လှမ်းမြင်ရသည်။ညို့ပြုံးလိုက်ပြီး..တိုးတိုးလေး..ရေရွတ်လိုက်သည်။
"မင်း.ဘဝလေး အောင်မြင်ပါစေ"
ညို့ မျက်နှာအငုံ့တွင် မျက်ရည်တစ်စက်က ဖြတ်ဆင်းသွားသည်။