"ရွှေအိပ်မက်"
**************
အပိုင်း-၄🎶ချစ်မိတော့...အပျော်တွေ..အငိုတွေ..မငြင်းဆန်နိုင်ပြီ..ချစ်ရမယ့်..အချိန်အခါ.အခြေအနေ..ငါ့ရဲ့မျော်လင့်ချက်..မြက်ပင်လေး...လွတ်မချနိုင်သေး...တွယ်တာခြင်း..ခုံမင်စွာ...ဟိုးအရင်လို..မင်းကိုချစ်လျက်သာ...အူး..ဟူး..🎶
"ဝါးးးဖြောင်းးဖြောင်း"
"အရမ်းကောင်းတာပဲ..မြအိမ်စံ"
ဆက်က အိမ်လေးရဲ့ သီချင်းအဆုံးတွင် ချီးကျုးလိုက်သည်။အိမ်လေး ခေါင်းလေး ငုံ့သွားကာ ရှက်ပြုံးလေးနဲ့...
"ကျေးဇူးတင်ပါတယ်"
အိမ်လေး..ပြောပြီးသည်နဲ့ ချာခနဲ့ လှည့်ထွက်လိုက်သည်။သို့သော် တံခါးဝတွင် ညို့က အမြင်မကြည်သလို အိမ်လေးကို စိုက်ကြည့်နေလေသည်။
"ကိုလေး"
"တော်တော်ဟုတ်နေတာပဲ..ချီးကျုးတိုင်း ပျော့်မနေနဲ့ "
"မပျော်ပါဘူး"
"မပျော်ရင် သွားလေ ဘာရပ်လုပ်နေတာလဲ"
"ကိုလေး..ကွယ်နေပြီးတော့.."
"ဟင်..အင်း...ပြောပါလားဟ..ငါ..ခေါက်ထည့်လိုက်ရ"
"အား..ကိုလေးနော်"
ညို့လက်ရွယ်လိုက်ပြီးမှ ဆက်တို့ကိုလှည့်ကြည့်လိုက်သည်။ဆက်နဲ့ညီက သူ့ကို အထူးအဆန်း သတ္တဝါတစ်ကောင်လို ပြူးကြည့်နေကြသည်။
"သွားတော့"
"ဟုတ်"
အိမ်လေးပြေးသွားတော့မှ့ ဆက်နဲ့ညီကို ညို့ရယ်ပြလိုက်သည်။သို့သော်..ဆက်ရော ညီပါ..မျက်နှာလွဲသွားကြသည်။
"သူ ဘာမှားနေလို့လဲ"
🎶🎶🎶🎶🎶🎶🎶🎶🎶🎶🎶🎶🎶🎶🎶🎶🎶
သာယာသော နေ့လေးတစ်နေ့တွင်...တော်ဝင်ကျောင်းရှေ့ ကားအဖြူလေး တစ်စီး လာရပ်သည်။
ကားပေါ်က ဆင်းလာသူက အရမ်းလှသည်ဟု နာမည်ကြီးသော မင်းသမီး "ချောကလျာ " ဖြစ်လေသည်။
သူမက အသားရောင် ကိုယ်ကျပ်အင်္ကျီဝတ်ဆင်ထါးပြီး ကိုယ်လုံးအလှက ထင်းနေလေသည်။ ရွှေဝါရောင် ဆံပင်ရှည်လေးက ခပ်နွဲ့နွဲ့လေး ဝေဖြာနေလေသည်။မျက်မှန် အနက် တပ်ထားပြီး အနက်ရောင် ဒေါက်မြင့်ချွန်လေးကို စီးထားလေသည်။