"ရွှေအိပ်မက်"
*************
အပိုင်း-၂၀အထပ် ၂၅ထပ် မြင့်သော အဆောက်အဦးကို ညို့နဲ့အိမ်လေး ပြိုင်တူ မော့ကြည့်လိုက်ကြသည်။
"ကိုလေး..ဒါ ဂျုးလစ် ကုမ္ပဏီလား"
"အင်း..လာ..ဝင်ကြစို့"
ညို့နဲ့အတူ အိမ်လေး ဂျုးလစ် ကုမ္ပဏီထဲ လှမ်းဝင်လာခဲ့သည်။ ဝင်ပေါက်တွင် အခု နာမည်ကြီးနေသော..အဆိုတော် မာရီရဲ့ ပိုစတာကြီးက ဆီးကြိုနေလေသည်။
အိမ်လေး မျက်နှာလေး မာရီပုံကိုကြည့်ပြီး ပြုံးရွှင်နေသည်။တစ်နေရာအရောက်တွင်...အဆိုတော်မာရီနဲ့ဦးမင်းထင် ထွတ်လာကြသည်။
"ကိုလေး..မာရီမလားဟင်"
"အင်း"
မာရီက စကတ်အနက်အတိုလေးနဲ့အနီရဲရဲဆွယ်တာ လည်ထောင်လေးကို ဝတ်ထားပြီး လမ်းလျှောက်ပုံက အစ စမတ်ကျနေသည်။
"အားကျလိုက်တာ"
ဦးမင်းထင်က ညို့နဲ့အိမ်လေးကို မြင်သွားပြီး လက်လှမ်းပြသည်။
"ရောက်လာကြပြီလား"
"ဟုတ်ကဲ့့"
ဦးမင်းထင်က မာရီဖက်လှည့်လိုက်ပြီး...
"ဒါဆို..မနက်ဖြန်မှ တွေ့ကြစို့ မာရီ..ဒီနေ့အတွက့.ပင်ပန်းသွားပြီ.."
"အိုခေ..အန်ကယ့်"
မာရီက ညို့နဲ့အိမ်လေးကို တချက်စိုက်ကြည့်ပြီး လှလှပပလေး လျှောက်ထွက်သွားသည်။
"ဂျုးလစ် စောင့်နေတယ်..သွားကြစို့"
"ဟုတ်ကဲ့"
ဦးမင်းထင်က အခန်းတစ်ခုရှေ့အရောက်တွင် တံခါးတွန်းဖွင့်ဝင်လိုက်သည်။ဂျုးလစ်က ဆုံလည် ကုလားထိုင်ပေါ်တွင် နားကျပ်လေးတပ် တစ်ခုခုကို နားထောင်နေသည်။
"ဒေါက်..ဒေါက်.."
ဦးမင်းထင်က မှန်တံခါးခေါက်လိုက်မှ ဂျုးလစ်က အိမ်လေးတို့ကိုမြင်ပြီး..ထရပ်လိုက်သည်။
"မင်္ဂလာပါ"
"အိုး..မင်္ဂလာပါ.ရောက်လာပြီလား ထိုင်ကြပါ"
"ဟုတ်ကဲ့."
"ဂျုးလစ်..ဒါက..မြအိမ်စံ..ဒါက မြအိမ်စံသူငယ်ချင်း..မင်းညို့ပါ ဒါက ဂျုးလစ်အနုပညာ ကုမ္ပဏီရဲ့ ဥက္ကဌ..ဦးဂျုးလစ်ပေါ့"