"ရွှေအိပ်မက်"
*************အပိုင်း-၃
"ဆရာမ...လာပြီ"
ဆရာမ ဒေါ်ကြည်ကြည် ဝင်လာသည်နှင့် တခန်းလုံး ငြိမ်ကြသွားသည်။ညို့က ဂီတာကို တီးခေါက်နေရင်းမှ ရင်ခွင်မှာ ပိုက်ထားလိုက်သည်။
"ကဲ..ဆရာမ ပြောစရာရှိလို့ နောက်လဆိုရင် ဂီတပွဲတော်ရှိတာ သိကြတယ်မလား"
"ဟုတ်ကဲ့"
"အဲဒါဆရာမတို့ အတန်းက တာဝန်ကျတယ်...ညို့ မင်းတို့အဖွဲ့ သီချင်းရေးပေးနိုင်မလား"
"ဝါးးး"
အခန်းထဲက ကျောင်းသူကျောင်းသားများ ဆူညံသွားသည်။
တော်ဝင်ကျောင်းတွင် ညို့ရဲ့ top star အဖွဲ့က နာမည်အကြီးဆုံး၊
"ဟုတ်ကဲ့..ဆရာမ"
ဆရာမကြည်ကြည်က ခေါင်းညိတ်ပြုံးလိုက်ပြီး...
"မင်းတို့ကို ဆရာမ ယုံကြည်ပြီးသားပါ..တဆက်တည်းပဲ ပြောလို့ရမလား မင်း..စုံတွဲသီချင်းဆိုပေးပါ မိန်းကလေးကိုတော့ မင်းကြိုက်တာ ရွေးလိုက်ပါ"
"ဆရာမ"
ဆရာမကြည်ကြည်က ပြောပြီး တခန်းလုံးကို ဝေ့ကြည့်ပြီး ထွက်သွားသည်။
မင်းဆက်နဲ့မင်းညီက ညို့နားကပ်လာကြပြီး...၊
"မင်း ဘယ်လိုလုပ်မလဲ ညို့"
ညို့က စုံတွဲသီချင်း မဆိုပေ။သို့သော်...ညို့ကပြုံးလိုက်ပြီး...
"ကြော်ငြာလိုက်...ငါ သဘောကျတဲ့အသံမျိုးရရင် ဆိုမယ်"
ညို့ကပြောပြီး ထထွက်သွားသည်။
မင်းဆက်နဲ့မင်းညီ အကြည့်ချင်း ဆုံသွားရပြီး...၊
"ဒီကောင် တခုခုပဲ ကြားသားမိုးကြိုးပါလား"
"ဟေ့ကောင် စောင့်အုံးလေ"
ညို့တို့အဖွဲ့က သုံးယောက်တည်းဖြစ်သည်။...ထူးဆန်းတာက နာမည်နှစ်လုံးနဲ့ဖြစ်ကြပြီး ရှေ့က "မင်း"က သုံးယောက်စလုံးမှာပါသည်။သူတို့ သုံးယောက်က အရမ်းချောကြပြီး ထိုထဲတွင်မှ... မာနကြီးကြီးခပ်ချေချေ ညို့က နာမည်ကလဲ ထူးဆန်းသလို
အရမ်းတော်ပြီးပိုချောသည်။