"ရွှေအိပ်မက်"
*************
အပိုင်း-၁၅မနက်ခင်းအချိန်..နေခြည်နုနုလေးက တစ်လောကလုံးကို ဖြန့်ကျက်ထားသည်။
အိမ်လေး..ကျောင်းလာတဲ့ လမ်းတစ်လျှောက် ကျောင်းသူကျောင်းသားတွေက ကွတ်ကြည့်..ကွတ်ကြည့်.
ကောင်မလေး တစ်စုက.ဖုန်းကို ငုံ့ကြည့်လိုက် အိမ်လေးကို ငုံ့ကြည့်လိုက်နဲ့ အိမ်လေးကို ကြည့်လိုက်နဲ့ တိုးတိုးလေး..ဝိုင်းပြောကြသည်။
"အဲကောင်မ,မလား"
"ဟုတ်တယ် ကြည့်ပါလား မခုတ်တတ်တဲ့ကြောင်လိုမျိုး"
တီတိုးစကားသံတွေကြောင့် အိမ်လေး ခေါင်းနပန်းကြီးသွားရသည်။
"ဘာတွေလဲ"
ကျောင်းခြံဝင်းသို့..ခြေချလိုက်တ.ဲ့ခဏဝယ်...
"ဖောက်.."
"ဖြန်း"
"အားးး"
ကောင်မလေးတသိုက် အပြေးရောက်လာပြီး ကြက်ဥ၊ရေဘူးတို့နဲ့ အိမ်လေးကို လှမ်းပေါက်ပစ်ကြသည်။ ထိုခဏတွင် လူတွေလည်း များသထက် များလာကာ..အိမ်လေးကို ဝိုင်းအုံလာကြသည်။
"ကောင်မ မတန်မရာ.."
"တို့ညို့ကိုများ မြူဆွယ်ရဲလိုက်တာ"
"ဖောက်..ဖောက်.."
တစ်ယောက်တစ်ပေါက် စကားသံတွေနဲ့အတူ
ပျဲဝဲလာသော ပစ္စည်းတွေက တစ်ခုပြီးတစ်ခု အိမ်လေးကို လာထိသည်။အိမ်လေး တစ်ယောက်တည်း ဘာလုပ်ရမှန်းမသိဘဲ ကြောင်ပြီးရပ်နေမိသည်။တီဗွီထဲမှာသာ ဒီလို.ဝိုင်းရိုက်တာ..မြင်ဖူးပေမယ.့်တကယ်တမ်း..သူမအရိုက်ခံရတဲ့အခါ...အိမ်လေးမျက်ရည်တို့ တပေါက်ပေါက်ကြွေဆင်းလာကြသည်။
"အဟင့်"
အိမ်လေး ငုတ်တုတ်ထိုင်ချလိုက်ပြီး နားနှစ်ဖက်ကိုပိတ်လိုက်သည်။
ဘာကြောင့်ရယ်မှန်း မသိဘဲ..ဒီလိုခံရတာ..တန်ရဲ့လား
ထိုစဉ်...လူအုပ်ထဲကနေ ဆက်က အိမ်လေးဆီကို တိုးဝင်လာခဲ့သည်။ဆက်ရဲ့မျက်နှာသည် ဒေါသကြောင့် နီရဲခက်ထန်နေလေသည်။