"ရွှေအိပ်မက်"
*************
အပိုင်း-၂"မင်းလေး ဘယ်လိုဖြစ်လာရတာလဲ"
ဒေါ်နန်းသီတာက တကိုယ်လုံး ရေစိုနေသည့် သားဖြစ်သူကို ကြည့်ပြီး ရယ်ချင်ပက်ကျိ ဖြစ်သွားရသည်။
"ဘာဖြစ်ရမှာလဲ မေမေရာ ခြသေ့င်္ခေါင်းနဲ့ကောင်မလေးပေါ့ ရေနဲ့ ပတ်လိုက်တာ ဒါနဲ့ သူက ဘယ်သူလဲ"
"သြော်..အိမ်လေးနဲ့တွေ့လာတာကိုး မတော်တဆ နေမှာကွယ် "
"ဘယ်က အိမ်လေးလဲ"
"မင်းအဘွား ခေါ်ထားတာလေ "
"အဘွားက ဘာလို့ ခြသေ့င်္ခေါင်းနဲ့ကောင်မလေးကို ခေါ်ထားတာလဲ"
"အိမ်လေးက ငွေအိမ်စံသမီးလေးလေ"
"အော်"
ငွေအိမ်စံဆိုတာ အဘွား ပြော,ပြောနေတဲ့ အရမ်းလှတယ်ဆိုတဲ့ မိန်းကလေး
ထိုစဉ်....
ဒေါ်နန်းသီ ထွက်လာသည်။
"ဘယ်လို ဖြစ်နေတာလဲ မင်းလေး ရေစိုကြီးနဲ့ သွားလဲစမ်း"
"ဟုတ်ကဲ့"
ညို့ စောဒက မတက်ဝံံ့ဘဲ အပေါ်တက်လာခဲ့သည်။
"သား..ပြီးရင် မနက်စာ လာဆင်းစား"
"ဟုတ်ကဲ့"
ညို့ရေချိုးနေရင်းမှ သီချင်းသံလေးကို သတိရသွားသည်။
"ခြသေ့င်္ခေါင်းနဲ့ကောင်မလေးကြောင့် အသံရှင်တောင် မတွေ့လိုက်ရဘူး"
ဧည့်ခန်းထဲတွင်.......
"မေမေကြီး ထွက်လာပြီလား အိမ်လေးကိုယ်တိုင် သနပ်ခါးလိမ်းပေးမလို့ကို"
"မေမေကြီး ဘာသာ လိမ်းလည်း ရပါတယ် ဒါနဲ့ ကလေးက ဘာလို့နောက်ကျနေတာလဲ"
"အိမ်လေး ဘုရားပန်းလဲနေတာပါ အဲဒါလေ ...ဟို..ညို့ကို ရေနဲ့ပတ်လိုက်မိတာ"
"ဟင်းးဟင်း ဒါကြောင့် မင်းလေး ဒေါသထွက်လာတာ"
ဒေါ်နန်းသီတာ ဝင်ပြောတော့...
"ရေနဲ့ပတ်မိတာလေးကို ဒေါသထွက်ရသလား ဒီကောင်လေးတော့"
"မဟုတ်ပါဘူး မေမေကြီးရယ်..အိမ်လေး မှားတာ..အိမ်လေး မမြင်လို့ပါ...အိမ်လေး နမော်နမဲ့နိုင်တာပါ"