"ရွှေအိပ်မက်"
*************
အပိုင်း-၈အနီရဲရဲ စပို့ရှပ်လေးနဲ့ ညို့က မနက်ခင်းအချိန်တွင် ရှင်းသန့်ချောမောနေသည်။
ကားပေါ်ကို မတက်သေးဘဲ ညို့က အိမ်ထဲကို လှည့်ကြည့် လှည့်ကြည့်နဲ့ ကျောင်းမသွားနိုင်။
"ဘာလို့ မထွက်လာသေးတာလဲ"
အိမ်လေးက ကုတ်ကုတ်နဲ့ နောက်ဖေးကနေ ညို့ မမြင်အောင် ကွယ်ပြီး ခြံထဲက ပြေးထွက်လာသည်။
ခြံပြင်ရောက်မှ...သက်ပြင်းရှည်လေးချလိုက်ကာ...
"ဟူးးးတော်ပါသေးရဲ့"
အိမ်လေး ခပ်မြန်မြန်လေး..ကိုလေးကား ပေါ်မလာခင် လျှောက်လာခဲ့သည်။သို့သော်....
"တီ..တီ"
ကားဟွန်းသံကြောင့် အိမ်လေး ဇက်ကလေး ပုသွားသည်။လှည့်ကြည့်လိုက်တော့ အိမ်လေး အံသြခြင်းကြောင့် နှုတ်ခမ်းလေး ဝိုင်းသွားရသည်။
"ကိုဆက်"
"ညီမလေးးကျောင်းသွားတာမလား.. တက်လေ အတူသွားရအောင်"
"ဟင့်အင်း ရပါတယ်"
"တက်ပါ..အားမနာပါနဲ့"
ဆက်က ဆွဲခေါ်မတတ် ပြောနေသဖြင့် အိမ်လေး အားနာသွားရသည်။
ဒီလိုနဲ့ အိမ်လေး ဆက်.ကားပေါ်ရောက်သွားရသည်။
"မွအိမျစံ"
"ရှင်"
"ကျွန်တော်နဲ့မနက်စာ စားမလား"
"ဟိုလေ..အိမ်လေး စားပြီးပြီ"
"ဟုတ်လား..ဘာပဲဖြစ်ဖြစ်..ကျွန်တော့်ကိုခင်ရင် လိုက်စားပေးနိုင်မလား"
"အိမ်လေးကလေ အဲလိုမျိုးကြီး...တစ်ခါမှ မသွားဖူးတော့လေ..."
"ကျွန်တော်...မြအိမ်စံကို ခင်တယ်...မြင်မြင်ချင်း အရမ်းခင်မိတယ်.."
"ရှင်"
"ကျွန်တော် မြအိမ်စံနဲ့ သူငယ်ချင်းဖြစ်လို့ရလား"
"ဟို..ရ..ရပါတယ်"
"ဒါဆို သူငယ်ချင်း ဖြစ်သွားပြီနော်"
"ဟုတ်ကဲ့"
ဆက်က အိမ်လေး မျက်နှာလေးကိုငုံ့မိုးကြည့်ပြီး တခွန်းချင်း ပြောသည်။