"ရွှေအိပ်မက်"
*************
အပိုင်း-၁၇"မဲပေးကြပါ...မဲပေးကြပါ"
ကျောင်းသူ တစ်သိုက်..မနက်ခင်းအချိန်တွင် အလုပ်များလျက်ရှိသည်။ထိုကျောင်းသူများက ညို့ကို အသည်းအသန်ကြိုက်နေသော မာလာတို့ အုပ်စုဖြစ်သည်။
"ညို့နဲ့မြအိမ်စံ တွဲနေတာ သဘောမတူရင် ဒီဖက်ပိုတ်ကားပေါ်မှာ ကပ်ပေးကြပါ"
"သဘောတူရင် ဒီဖက်ပိုက်ကားပေါ်မှာ..ကပ်ပေးကြပါ..."
ပိုက်ကားနှစ်ခု၌ သဘောမတူတဲ့ဖက်တွင် မဲစာရွက်လေးတွေအများကြီးရှိပြီး သဘောတူတဲ့ဖက်တွင် တရွက်စ နှစ်ရွက်စသာ ရှိလေသည်။
အိမ်လေးက သူတို့ကို တိုင်အကွယ်လေးကနေကြည့်ပြီး စိတ်ညစ်နေလေသည်။
ညီက ထိုအခြင်းအရာကို မြင်ပြီး ခေါင်းခါယမ်းလိုက်သည်။
"ညို့ရယ်..မင်းတော့..မလွယ်ဘူး.."
ညီ တိုးတိုးလေးရွေရွတ်ရင်း ဂီတခန်းမထ ဲဝင်လာခဲ့သည်။ခန်းမထဲတွင် ညို့က သီချင်းစာရွက်တွေနဲ့အလုပ်ရှုပ်နေလေသည်။
"ညို့"
"ဟင်"
"မင်း အဲလိုလုပ်လိုက်တော့ မြအိမ်စံ.သနားပါတယ်ကွာ.."
"ဘာဖြစ်လို့လဲ"
"လူမုန်းများတာပေါ့ကွ..ခုတောင် မင်းတို့တွဲနေတာကို မဲခွဲနေကြတယ်...မင်းတို့ရှုံးနေတာပဲ..."
"ဟုတ်လား...ငါသွားလိုက်မယ်"
ညို့ဂီတာထားပြီး ပြေးထွတ်သွားတော့ ညီက နောက်ကအပြေးလိုက်သည်။
"ဟေ့ကောင်..ညို့ပွဲမကြမ်းနဲ့နော်"
ညီ အသည်းအသန်လိုက်တားပေမယ့် ညို့က မဲခွဲနေတဲ့ ကောင်မလေးတွေဆီ ရောက်သွားပြီဖြစ်သည်။
"ဒီမှာ"
မာလာတို့က ညို့ခေါ်လိုက်သည်နဲ့ ခေါင်းမော့ပြီး ပါးစပ်လေးဟ မျက်လုံးလေး ပြူးသွားကြသည်။
ထို့နောက်..တစ်ယောက်လက်..တစ်ယောက်ကိုင်ပြီး တခွန်းမှ..ပြန်ခံမပြောနိုင်တော့ဘဲ..."ဟုတ်ကဲ့"
"ခု.သိမ်းလိုက်တော့..."
"ဟုတ်ကဲ့.."