"ရွှေအိပ်မက်"
*************
အပိုင်း-၁၆"မင်း..မင်းလေး.ဘာဖြစ်လာတာလဲ"
ဒေါ်နန်းသီတာ သားဖြစ်သူ ညို့ပုံစံကို ကြည့်ပြီး တထိတ်ထလန့် ရေရွတ်လိုက်သည်။
ညို့မျက်နှာက ပြိုတော့မယ့်မိုးလို ညိုမှိုင်းနေသည်။လက်မှာလည်း သွေးတွေနဲ့ဖြစ်ကာ ကားမှန်လည်း ကွဲနေလေသည်။
"လက်က ဘာဖြစ်လာတာလဲ..ရန်ဖြစ်လာတာလား"
"မဖြစ်ပါဘူး အမေ..ကျွန်တော်တစ်ယောက်တည်း နေပါရစေ"
"လက်က ဒဏ်ရာ ဆေးထည့်ရမယ်လေ"
"ကျွန်တော့်ဘာသာ ထည့်လိုက်မယ်."
ညို့ကပြောပြီးအပေါ်တက်သွားသည်။ဒေါ်နန်းသီတာ အောက်တွင် စိုးရိမ်စွာ ကျန်ရစ်ခဲ့သည်။
"မိဘုတ်ရေ..သားက ိုရေနွေး သွားပို့ပေးလိုက်"
"ဟုတ်"
သား.ဘာဖြစ်လာတာလဲ..၊
ဒေါ်နန်းသီတာ မစဥ်းစားတတ်တော့၊
💔💔💔💔💔💔💔💔💔💔💔💔💔💔💔💔💔
အိမ်လေး ခြံထဲဝင်လာတော့ ညို့က ဆိုင်ကယ်တစ်စီးနဲ့အတူ ဖြတ်မောင်းသွားသည်။
ညို့လက်တွင် ပတ်တီးဖြူဖြူလေးက အဖွေးသား။အိမ်လေး ညို့ထွက်သွားတာကို သမင်လည်ပြန် ကြည့်ပြီး စိတ်မကောင်းဖြစ်သွားရသည်။
"ကိုလေးရယ်"
အိမ်လေး ဝင်လာတာကို မြင်တော့ ဒေါ်နန်းသီတာ လှမ်းပြောလိုက်သည်။
"အိမ်လေးရယ် လာပါအုံး"
"ဟုတ်ကဲ့"
အိမ်လေး ခေါင်းညိတ်ပြီး ဝင်ထိုင်လိုက်သည်။ဒေါ်နန်းသီတာက အိမ်လေးပုံစံကိုကြည့်ပြီး
"အိမ်လေး.နေမကောင်းတာလား..မျက်နှာလည်းမကောင်းပါလား"
အိမ်လေး ပြုံးလိုက်ပြီး...
"ကောင်းပါတယ် အန်တီရယ်..အိမ်လေးကျောင်းမှာ နည်းနည်းပင်ပန်းသွားလို့ပါ.အန်တီ ဘာမေးမလို့လဲဟင်"
"မင်းလေးလေ..ဒဏ်ရာတွေရလာလို့လေ..ရန်ဖြစ်လာသလားလို့ပါ တစ်ကျောင်းတည်းဆိုတော့လေ အိမ်လေးများ သိမလားလို့ပါ"