[ Zawgyi ]
ဖုန်းဆက်ခေါ်ပြီးသိပ်မကြာသည့်အချိန်အတွင်းမှာပဲ သော်က , က ဖိုင်တစ်ထပ်ကိုကိုင်ရင်း စာဖတ်ခန်းထဲရောက်လာသည်။ ရောက်ရောက်ချင်း စားပွဲပေါ်သို့ရောက်လာသော ဖိုင်ကြောင့် ခံ့ညားက မျက်ခုံးပင့်လျက် တစ်ရွက်ချင်းလှန်လှောကြည့်လိုက်သည်။" ဒီတစ်ယောက်က ?"
" တွေ့ဆုံပွဲတုန်းက မြတ်သာကို ခနဲ့စကားပြောခဲ့တဲ့တစ်ယောက်ပါ ၊ ကိုခံ့ညားနဲ့ ပက်သက်ပြီးလဲ ပြောတဲ့တစ်ယောက်"
"သြော်"
"ကျွန်တော်ဘာလုပ်လိုက်ရမလဲကိုခံ့ညား"
"အဲ့တစ်ယောက်က L Group ရဲ့ ဝန်ထမ်း?"
"ဟုတ်ပါတယ်"
"အင်း အရမ်းကြီးတော့မလုပ်နဲ့ ။ သူ့လက်ရှိနေရာကို နည်းနည်းလေးလှုပ်ပေးလိုက် ၊ အသိဝင်သွားအောင် ၊ ပြီးရင် အိမ်ထောင်မကျခင်က ရှုပ်ခဲ့တဲ့ အရှုပ်ကလေးတွေကို သူ့အမျိုးသမီးဆီကို ပို့ပေးလိုက်"
"ဟုတ်ကဲ့ ကျွန်တော်လုပ်လိုက်ပါ့မယ်"
သော်ကထွက်သွားပြီးနောက်မှာတော့ လက်ရှိအလုပ်ကိုသာ ဦးတည်လိုက်သည်။
ကျောင်းသားဟောင်းတွေ့ဆုံပွဲသို့ နွမ်းသွားစဉ်က ဖြစ်ပျက်ခဲ့သောအကြောင်းအရာများအား သူအားလုံးသိထားပြီးသား။
သို့သော်လည်း သာမာန်ခနဲ့တာမျိုးဆိုရင် အပြစ်မပြောသာပေမဲ့လည်း သူတို့နှစ်ယောက်လက်တွဲနေသည်မှာ အတည်မဟုတ်ဘဲ အပျော်ဖြစ်နေသည်ဆိုတာကိုတော့ ခံ့ညားဒေါသထွက်ရသည်။
နွမ်းဘက်က ထိုအကြောင်းနဲ့ပက်သက်ပြီး ဘာတစ်ခုမှပြန်မပြောလာပေမဲ့လည်း ခံ့ညားကတော့ ဒီအတိုင်းအထားနိုင်။
"ဝင်လာလို့ရမလား ဒါလင် "
အခန်းဝကအသံကြောင့် ခပ်ရေးရေးပြုံးပြီး အသံပြုလိုက်ရာ တီရှပ်ကလေးဖြင့် ပေါ့ပေါ့ပါးပါးဖြစ်နေသော နွမ်းက ခပ်ကြွကြွလေးရောက်လာသည်။
နွမ်းက ယုံကြည်ချက်ပြည့်ဝသောလူတစ်ယောက်ဖြစ်သလို confident ရှိသူတစ်ယောက်လည်း ဖြစ်၏။
GAY ဆိုသော ဖြစ်တည်မှုအပေါ် သိမ်ငယ်ခြင်းမရှိသလို အမြင့်ကိုသာတက်လှမ်းနေသော လူတစ်ယောက်လည်းဖြစ်သည်။