PART [ 44 ]

480 57 0
                                    

[UNICODE]
   
"အေးနေပါတယ်ဆိုမှ ရေအေးတွေနဲ့ချိုးနေပြန်ပြီ"

Bath room ထဲကထွက်လိုက်သည်နှင့် နွမ်းက ပွစိပွစိပြောရင်း အနားရောက်လာလေသည်။

"ကိုယ်က ချိုးနေကျမို့ ကိစ္စမရှိပါဘူး"

"ဒီက ဒါလင်နေတဲ့နေရာနဲ့ မတူဘူးလေ အေးချမ်းရိပ်မှာ ရေခဲထိအေးနေတာကို"

ပြောလည်းပြော အဝတ်ကိုလည်း ထုတ်ပေးကာ  ခံ့ညားကို သွက်သွက်လုပ်ဖို့ ပြောလာလေသည်။

ခါတိုင်းလို မဟုတ်တော့ဘဲ သွက်လက်လာတဲ့ နွမ်းက ခံ့ညားအပေါ်မှာလည်း အရွဲ့တိုက်တာတွေ မရှိတော့သလို သီဟမင်းထင်အကြောင်းကို လုံးဝမဟတော့ပေ။

ရင်ထဲကထုတ်ပစ်တာမျိုးမဟုတ်ပေမဲ့ ခေါင်းထဲကနေတော့ ထုတ်ထားလိုက်ပုံ ရတဲ့ နွမ်းက အတိတ်ကနေလည်း လွတ်မြောက်သွားပုံ။

"မြန်မြန်ဝတ်လေ ဒါလင်ရဲ့ ပြောရခက်လိုက်တာ"

"ကိုယ်လဲနေပါတယ်ကွာ"

ခံ့ညားလည်း မွေ့ရာပေါ် တင်ထားပေးသော body fit လက်ရှည်ကို ကောက်ဝတ်ရင်း အဝတ်လဲပြီးချိန်မှာတော့ နွမ်းက ဆွယ်တာအပါးလေးတစ်ထည်ကို ဝတ်ရင်း မှန်တင်ခုံရှေ့သို့ ရောက်သွားလေသည်။

night cream တစ်မျိုးကို လိမ်းနေတဲ့ နွမ်း၏ လက်ချောင်းလေးများ၌ နေရာယူထားသော လက်ထပ်လက်စွပ်ကလေးကြောင့် ခံ့ညားအပြုံးတို့မှာ ပီပြင်လာရင်း အနားရောက်သွားတော့လေသည်။

"ဘာလဲ မအိပ်သေးဘူးလား"

"အင်း စောင့်နေမယ်လေ လုပ်စရာရှိတာလုပ်"

"ဒါလင်မပြန်ချင်သေးဘူးလား"

"အတင်းပြန်လွှတ်နေပါ့လား?"

"အတင်းမဟုတ်ပါဘူး  ဒီမှာနေတာကြာပြီး တော်ကြာ ပြန်ရောက်ခါမှ အလုပ်တွေတအားများပြီး စိတ်ပင်ပန်းနေမှာစိုးလို့ပြောတာ"

"ကိုယ်သိပါတယ် သော်က ကိုသေချာမှာခဲ့တာကြောင့် မပူနဲ့ .......... အရေးကြီးကိစ္စ တစ်ခုခုရှိခဲ့ရင်တော့ ပြန်မှာပါ"

ထိုအခါမှ နွမ်းက ခပ်ရေးရေးလေးပြုံးရင်း ခံ့ညားကို ခေါင်းညိတ်ပြသည်။ ကြည်လင်ရှင်းသန့်နေသည့် မျက်နှာက ဘယ်အချိန်ပဲကြည့်ကြည့် ခံ့ညားကို ရိုးအီသွားတာမျိုး မဖြစ်စေခဲ့။

𝐃𝐀𝐑𝐋𝐈𝐍𝐆Where stories live. Discover now