[ Zawgyi ]
"Flight စီစဉ်ထားတယ် ။ ကိုယ်တို့တစ်ခါတည်းသွားရုံပဲ"နောက်ဆုံးတော့လည်း အားလုံး၏ဝိုင်းဝန်းနားချမှုကြောင့် နွမ်းမှာအေးချမ်းရိပ်မှပြန်ရန်အကြောင်းဖန်လာတော့သည်။ မေမေကလည်း ပြန်ဖို့ကိုသာ ခဏခဏပြောနေသလို ဖေဖေကလည်း ဟိုရောက်မှဆေးသေချာကုရန်ဆိုလာတော့ သူလည်း ဆက်ပြီးမငြင်းဖြစ်တော့ဘဲ ပြန်ရန်အတွက်လက်ခံလိုက်ရသည်။
၂ရက်ကြာတာတောင် အဖျားကမပြတ်ချင်သေးသလို ခေါင်းကလည်းအနည်းငယ်ကိုက်ခဲနေဆဲမို့ မတော်တဆရောဂါတစ်ခုခုဖြစ်နေမှာကို စိုးရိမ်မိသည်။
ထို့အပြင် အလုပ်မအားသည့်ကြားက အနားနေပေးသော ဒါလင်ကိုလည်း အားနာတာကြောင့် ပြန်ဖို့ခေါင်းညိတ်လိုက်ရာ နေ့ချင်းညချင်းကို Flight စီစဉ်တော့သည်။
"ဒီတိုင်းလေယျာဉ်နဲ့ပြန်လဲဖြစ်တာပဲကို"
"လူအမျာနဲ့နေရမှာ နွမ်းကခေါင်းကိုက်နေတယ်မလား ။ အဆင်မပြေလောက်ဘူး"
ဆက်ပြီးဇောဒကတက်မနေတော့ဘဲ လက်ခံလိုက်ကာ ပြန်လာနီးမိဘတွေကိုသာ နှုတ်ဆက်လိုက်တော့ မေမေက မျက်ရည်လေးတစမ်းစမ်းလုပ်လာတော့သည်။
"နေကောင်းရင်ပြန်လာပါ့မယ်ဆိုနေ"
"ပြန်လာဖို့ကိုတွေးမပူနဲ့ ။ မေမေတို့လာခဲ့မယ်"
"တကယ်ကြီးလာမလို့လား ချွေးသိပ်တာလား?"
"တကယ်ပါဆိုနေ ဒီကောင်လေးကတော့"
မေမေကလက်မောင်းကိုရိုက်ပြီး ခပ်ပြုံးပြုံးဆိုတော့ နွမ်းလည်းရယ်မိလိုက်သည်။ မေမေကတော့ ကျန်းမာရေးကိုသာဂရုစိုက်ပြီး အလုပ်ကိုအာရုံထဲထည့်မထားဖို့ပြောလာသည်။
နှုတ်ဆက်ပြီးသည့်နောက်မှာတော့ ဒါလင်က သိုးမွေးခပ်ပွပွအနွေးထည်အရှည်ကို သော်ကဆီကလှမ်းယူရင်း ခြုံပေးလာသည်။
မေမေတို့ကတော့ ဂရုစိုက်ခံနေရသည့် သူ့အဖြစ်ကိုကြည့်ကာ သဘောတကျ။
အပြင်ထွက်လိုက်သည်နှင့် အနည်းငယ်ကျနေသေယ နှင်းများကြောင့် တအံ့တသြဖြစ်ရသည်။နေမကာင်းတာမို့ မွေ့ရာပေါ်မှာသာ အချိန်ကုန်ကာ အိပ်စက်နေသည့်အတွက်ကြောင့် နှင်းကျနေတာတောင် မသိလိုက်။