PART [ 42 ]

685 87 4
                                    

[UNICODE]
   
အိမ်မှာပဲ ရက်အတော်ကြာအောင် အနားယူထားတာကြောင့် နွမ်းလည်း Studio သို့ ခဏသွားကြည့်ဖို့ စိတ်ကူးထားတာကို ယခုအကောင်အထည် ဖော်လိုက်တော့သည်။

ဒါလင်ကတော့ ဖြည်းဖြည်းဆေးဆေးမှ သွားဖို့ပြောပေမဲ့လည်း ဘာအလုပ်အကိုင်မှမရှိဘဲ အိမ်ထဲမှာ နေရတာ နွမ်းအတွက်တော့ အဆင်မပြေပါ ။

Studio မှာ လုပ်တုန်းကလည်း အလုပ်နဲ့လက်ကမပြတ်မို့ ယခုလို အေးအေးဆေးဆေးနေရတာကို သိပ်တော့လည်း သဘောမကျ ။

"နောက်ရက်မှအေးအေးဆေးဆေးသွားပါ့လား"

"ခုလဲ ပျင်းနေတာပဲလေ ............. သွားလိုက်ပါ့မယ်"

"ဒါဆိုလဲ သဘောပါပဲ "

ဒါလင်က အနားလာပြီး မသွားခင် နားသယ်စကို ခပ်ဖွဖွနမ်းသွား၏။

နွမ်းကျန်းမာရေးကို အသိပေးပြီးကတည်းက ၊ အတိတ်ကအကြောင်းအရာများကို ခဝါချပြီးကတည်းက ဒါလင်က အတ္တများကို ရုတ်သိမ်းလိုက်တယ်ဆိုပေမဲ့လည်း အကုန်တော့မဟုတ်။

သို့ပေမဲ့လည်း အရင်ကလောက်တော့ မချုပ်ချယ်တော့တာကြောင့် နွမ်းတို့အိမ်ထောင်ရေးက အတော်လေး အဆင်ပြေ၏။

ဒါလင်က Comapmy မသွားခင် လိုက်ပို့ပေးမယ်ဆိုပေမဲ့ အလုပ်ရှုပ်တာကြောင့် လက်မခံ့ဘဲ တစ်ယောက်တည်းသာ ထွက်လာခဲ့သည်။

Studio ကိုရောက်သည့်အခါမှာတော့ ရေချယ်က နွမ်းကိုမြင်မြင်ချင်း အံ့ဩသွားသလို Camera ကိုင်ထားသော လဲ့ရည်ကလည်း တအံ့တဩဖြစ်ကုန်တော့သည်။

"ရောက်လာပြီလား ဆရာ ............ အရမ်းသတိရနေတာ"

"ဘယ်လိုလဲ ဆရာမရှိလဲ အားလုံးလုပ်နိုင်တယ်မလား"

"ဒါပေါ့ဆရာရယ် "

သူ့လက်မောင်းကို တွဲထားရင်း လဲ့ရည်က တက်တက်ကြွကြွဆိုသည်။ ရေချယ်ကတော့ အခန်းထဲရောက်နေတဲ့ လင်းသုတတို့ကို သွားခေါ်လိုက်တော့ ချက်ချင်းရောက်ချလာကြ၏။

"ရုတ်တရက်ကြီးပါ့လားဆရာ "

"အင်း မင်းတို့ကို လာကြည့်တာလေ"

"ဆရာကြည့်ကောင်းလာတယ်နော် အချစ်တွေကြောင့်နေမယ်"

လင်းသော် စကားကြောင့် သူကိုယ်တိုင်ပါ ရယ်မိသည့်အထိ ။ ကလေးတွေက ဘွဲ့ရပြီးသားဖြစ်သလို ၂၀ ကျော်လေးတွေမို့ နွမ်းနှင့် အလွန်ဆုံးကွာမှ ၁၀ နှစ်သာ ။

𝐃𝐀𝐑𝐋𝐈𝐍𝐆Where stories live. Discover now