[ Zawgyi ]
ခုရက်ပိုင်းအတွင်း အလုပ်ရှုပ်နေရှာသော ဒါလင်ကြောင့် နွမ်းလည်း အလိုက်တသိပဲ ငြိမ်ငြိမ်လေးနေပေးလိုက်သည်။အရင်ဆို ၆နာရီလောက်ကတည်းက ပြန်လာတတ်သော ဒါလင်က ယခုဆို ည၉နာရီလောက်မှ ပြန်လာတတ်သည်။ ပြန်ရောက်လာသည့်အခါတိုင်းလည်း စိတ်ရှုပ်နေသလိုဖြစ်နေတတ်တာမို့နွမ်းလည်း ဘာပြဿနာလည်းဆိုတာကို စိတ်ဝင်စားမိသည်။
တခြားအကြောင်းများရှိနေသလားတွေမိရအောင်လည်း နေ့တိုင်းအိမ်ပြန်လာတတ်သည့်ဒါလင်က အရှုပ်အရှင်းဖြစ်နေတာတော့ မဖြစ်နိုင်။တခြားကိစ္စသာမယုံကြည်ရပေမဲ့ ထိုကဲ့သို့အရှုပ်အရှင်းကိစ္စကတော့ ရာခိုင်နှုန်းပြည့် ယုံ၍ရသည်။
ယနေ့လည်း နောက်ကျမှပြန်လာသော ဒါလင်က စိတ်ရှုပ်သလိုနှင့် အပေါ်တက်သွားလိုက်တာများ ထမင်းစားခန်းထဲမှ ထွက်လာသာ နွမ်းကိုလည်း မြင်ပုံမရ။
သိပ်မကြာခင်ပဲ လှေကားကနေဆင်းလာသော သော်ကကိုမြင်လိုက်သည်မို့ ခပ်သွက်သွက်သွားလိုက်ရာ သော်က ခေါင်းကိုအသာဆတ်လျက် အသိပြုလာလေသည်။
"ပြဿနာတစ်ခုခုရှိနေတာလား ကိုသော်က"
နွမ်းဘက်က အရင်စတင်မေးလိုက်ပေမဲ့ သော်က ကတော့ဖြေရန် အခက်တွေ့နေပုံပင်။ သစ္စာရှိလှသော သော်က,ကလည်း ဒါလင့်စကားကိုလွန်ဆန်ကာ ပြောပြလိမ့်မည်မဟုတ်။
"ဟုတ်ကဲ့ ပြဿနာရှိလို့ပါ"
"ကျွန်တော်သိလို့ရမလား?"
"ကိုခံ့ညားကိုပဲ တိုက်ရိုက်မေးတာကောင်းပါလိမ့်မယ် ။ ကျွန်တော်ပြောပြဖို့က အခက်ရှိလို့ပါ"
"ဒါလင်တစ်ခုခုများဖြစ်နေလို့လား?"
"သိပ်တော့ စိတ်မပူပါနဲ့ ။ ကိုခံညားနဲ့မသက်ဆိုင်တဲ့ ပြဿနာပါ ။ သူများပြဿနာကို ဝင်ဖြေရှင်းပေးတင်ပါပဲ"
သူများပြဿနာကို ဖြေရှင်းပေးရုံလေးတင်က အဲ့လောက်တောင် အလုပ်ရှုပ်ရသလားတော့ သူသေချာမသိပါ။
စီးပွားရေးနှင့်ပက်သက်ပြီး ပြဿနာဖြစ်တာတော့ မဖြစ်နိုင်။ စီးပွားရေးနယ်ပယ်ထဲ၌ ကျွမ်းကျင်သော ဒါလင်က အာဏာလည်းရှိသည်မို့ တိုက်ခိုက်ရဲသူက ခပ်ရှားရှား။