Whatever We are one✌

92 14 2
                                    

"ဟျောင့်တွေ....ငါတို့အတန်းထဲက niki နဲ့ Cခန်းကကောင်တွေတစ်ပွဲတစ်လမ်းနွှဲနေတယ်တဲ့
မြန်မြန်လာ
သွားကြည့်ကြရအောင်"

အတန်းထဲကတစ်ယောက်ရဲ့
အပြင်ကနေလှမ်းပြီး
အော်သံကြောင့်တစ်ခန်းလုံးအုန်းအုန်းကြွက်ကြွက်ဖြစ်ကုန်သည်။

Niki လို့ပြောလိုက်တာနဲ့
Sunoo နဲ့ Jungwon လည်းအလိုလိုအကြည့်ချင်းဆုံမိသည်။

"Sunoo မြန်မြန်သွားကြည့်ရအောင်"

Sunoo လည်းအလျင်အမြန်ခေါင်းငြှိမ့်ပြလိုက်သည်။

Sunoo နဲ့ Jungwon လည်းအခန်းထဲကမြန်မြန်ထွက်ပြီး
လှေကားတွေကိုပြေးဆင်းရင်း
ကျောင်းရဲ့အားကစားရင်ပြင်မှာရန်ဖြစ်နေသည့်ဆီသို့
ထွက်သွားကြသည်။

"Sunghoon ငါတို့လည်းသွားကြည့်ရအောင်"

Jay သူ့ရဲ့သူငယ်ချင်းရေခဲတုံးကိုခေါ်လိုက်ခြင်းဖြစ်သည်။

"မသွားပါဘူးသူတို့ရန်ဖြစ်တာငါတို့နဲ့ဘာဆိုင်လဲ"

ဒီရေခဲတုံးတစ်ကောင်နဲ့ခက်တော့ခက်နေပါပြီ။

"ဆိုင်ဆိုင်မဆိုင်မဆိုင်ငါကြည့်ချင်တယ်...လာ...လိုက်ခဲ့"

မျက်နှာနဲ့ကပ်နေတဲ့စာအုပ်ကိုခပ်မြန်မြန်ဆွဲယူရင်း
ထိုင်နေတဲ့သူ့သူငယ်ချင်း Sunghoon ကိုအတင်းလက်မှဆွဲခေါ်သည်။

"ငါမလိုက်ချင်ပါဘူးဆို... Jay ရာ"

"လာပါကွာရန်ပွဲဆိုတာစိတ်ဝင်စားဖို့ကောင်းတယ်သူငယ်ချင်းရ...... "

Jay စကားကြောင့်
Sunghoon တစ်ယောက်
ခေါင်းကိုခပ်ဖြေးဖြေးခါမိသည်။

လက်ကနေအတင်းဆွဲခေါ်လို့မလိုက်လို့ကလည်းမရ။
ဒီကောင်နဲ့တယ်ခက်ပါလား
စာကျစိတ်မဝင်စားဘဲ
ရန်ဖြစ်ဖို့ဘဲတွေးနေတဲ့ကောင်
ဟုသာစိတ်ထဲကျိန်ဆဲလိုက်သည်။

..........

"ဘာလဲ....မင်းကမကျေနပ်ဘူးလား"

"ငါမင်းတို့ကိုတောင်းပန်လို့ပြောလိုက်တယ်နော်"

"မတောင်းပန်နိုင်တော့မင်းကဘာဖြစ်ချင်လဲ"

ရန်မဖြစ်ချင်လို့ကောင်းကောင်းပြောနေတာကိုမရဘဲ သက်သက်ရန်လာစနေတဲ့
လူဆိုးယောင်ယောင်ဘာယောင်ယောင်ဒီအုပ်စုကို
Niki ခေါင်းစခြေဆုံးကြည့်မိလိုက်သည်။

Starlight Story of a flower🌠🌧Where stories live. Discover now