"သား...sunoo ရေ..အမေ့ကိုလာကူပါအုံး"အမေရဲ့လာကူအုံးဆိုတော့စကားသံကြောင့်
လုပ်လက်စ အိမ်စာတွေကိုပစ်ချကာ
အမေ့ဆီလာခဲ့သည်။အမေ့ရဲ့တော့ပိုကီဆိုင်က
တအားလူများတယ်။
အမေ့ရဲ့
ဟင်းချက်လက်ရာကကောင်းတော့အမေ့ရဲ့တော့ပိုကီကဒီစျေးထဲမှာတော့ထိပ်တန်းဘဲ...အခုလည်းဆိုင်မှာအမေတစ်ယောက်တည်းမနိုင်တာမို့ ကျွန်တော်အိမ်စာလုပ်ရင်းလာကူပေးတာဖြစ်တယ်။
"တော့ပိုကီစပ်စပ်လေးတစ်ပွဲလောက်ပေးပါ..."
"မက်ဂျူလေးလည်းချပေးပါအုံး....."
"ခေါက်ဆွဲပြုတ်ရသေးလား...."
ရုံးဆင်းချိန်ဖြစ်လို့
တစ်ယောက်တစ်မျိုးနဲ့
မှာနေကြသောကြောင့်
Sunoo မှာနားချိန်တောင်မရှိပေ။"သားရေ...Sunoo
ထမင်းစားတော့မလား"လူအနည်းငယ်ပါးသွားသောကြောင့်
ခနထိုင်နေသော ကျွန်တော့်ကိုအမေမေးလိုက်ခြင်းဖြစ်သည်။"ရတယ်..မေမေ ကျွန်တော်
မဆာသေးဘူး"ဟုတ်ပါတယ်။
ကျွန်တော့်နာမည်က
Kim Sunoo
ကျွန်တော်က Hyundai
Highschool ရဲ့ နောက်ဆုံးနှစ်ကျောင်းသား
စာကြိုးစားလို့အထက်တန်းကျောင်းကောင်းကောင်းမှာတက်ခွင့်ရပေမယ့်
အကြွေးထူနေတဲ့ကျွန်တော့်မိသားစု၊
တော့ပိုကီ ရောင်းတဲ့ကျွန်တော်အမေ၊ အဲ့လိုအကြောင်းပြချက်တွေနဲ့အမြဲအနိုင်ကျင့်ခံရတယ်။ဘယ်သူကမှမပေါင်းသင်းဘဲ
ကျွန်တော်တစ်ယောက်တည်းသာကျောင်းတက်ခဲ့တာ
အခုဆိုနောက်ဆုံးနှစ်တောင်ရောက်နေပြီ။သူများတွေလိုအထက်တန်းဘဝမှာသူငယ်ချင်းတွေနဲ့ပျော်ပါးရတဲ့ငယ်ဘဝကျွန်တော့်မှာမရှိဘူး......
ကျွန်တော့်မှာရှိတာက
အမြဲရန်ဖြစ်တတ်ပြီးအကြွေးထူနေတဲ့မိသားစု၊
အမြဲအနိုင်ကျင့်နေတဲ့သူငယ်ချင်းအများစုနဲ့
ဆင်းရဲပြီးနောက်ခံမရှိတဲ့ကျွန်တော် Kim Sunoo ကိုယ်တိုင်ဘဲ။မနက်စောစောထပြီးအမေစျေးထွက်ဖို့ကူပေး
ပြီးတာနဲ့မနက်စာတောင်မစားဘဲကျောင်းသွား။
ကျောင်းကပြန်လာရင်လည်းအိမ်တန်းမပြန်ဘဲ
အမေ့ရဲ့တော့ပိုကီဆိုင်လေးမှာအလုပ်ပြန်ကူပေးရသေးတယ်။
YOU ARE READING
Starlight Story of a flower🌠🌧
FanficSunsunki 💞🌠 side couple - Jaywon🌠 unicode+zawgyi 🦁🐧