When We were kids 🙆👼

80 9 2
                                    

Recommend song=Enhypen (the feeling when we)

မိုးရွာထားလို့စိုစွတ်နေတဲ့မြေသားတွေနဲ့ အဲ့ဒီ့မြေသားတွေကနေ ထွက်လာတဲ့မြေသင်းနံ့လေးတွေကလူတွေရဲ့စိတ်ကိုကြည်နူးမိစေတာအမှန်ပင်ဖြစ်လိမ့်မည်။

နေရောင်မရှိဘဲ လမင်း၏အရှိန်အဝါတို့ကသာအလင်းပေးနေပြီးဟိုတစဒီတစတောက်ပနေတဲ့ကြယ်လေးတွေနဲ့

ပြည့်နှက်နေတဲ့ကောင်းကင်တို့ကလည်းဘယ်နှခါကြည့်ကြည့် ကြည့်မိသူကိုဆွဲဆောင်စေနိုင်ပြန်ပါသေးသည်။

အကြည်ဓာတ်ကိန်းအောင်းနေတဲ့မိုးကောင်ကင်နဲ့ မိုးတွင်းစိုစွတ်မှုတို့ပြည့်နှက်နေသည့်ပတ်ဝန်းကျင်တို့ကိုပေါင်းစပ်လိုက်လျှင် လှပနေသည်ကိုတော့ဘယ်သူမှ​ငြင်းနိုင်မည်မဟုတ်။

တဖျောက်တဖျာက်လတ်နေတဲ့ကြယ်လေးတွေကလည်းဆယ်ကျော်သက်ဘဝရဲ့စိတ်ကူးယဥ်ဆန်မှုကိုအားဖြည့်ပေးနေသယောင်၊တဖြုတ်ဖြုတ်လှုပ်ခတ်နေတဲ့သစ်ရွက်လေးတွေကလည်းပျော်ရွှင်မှုကိုဆောင်ကျဥ်းပေးနေသယောင် ရှိလျှက်

လေပြေအေးတို့ကလည်း တလျှပ်လျှပ်တိုက်ခတ်ရင်းမိုးရွာပြီးခါစအလှကိုပုံဖော်နေကြပါသေးသည်။

ထိုပတ်ဝန်းကျင်ရဲ့အလှမှာမပါမဖြစ်ကတော့ ကိုယ့်ဘဝအတွက်ကိုယ်ကျရာတာဝန်ကိုယ်ကျရာနေရာကနေအပြေးအလွှားကြိုးစားနေကြတဲ့လူသားတွေပဲမဟုတ်ပါလား။

ကိုယ့်ဘဝအတွက်
ကိုယ့်ပျော်ရွှင်မှုကို
လိုက်ရှာရင်
မပျော်ရွှင်မှုတို့ကိုဖြတ်ထုတ်လိုက်ရင် စိတ်ချမ်းသာမှုကိုပိုင်ဆိုင်နိုင်တယ်ဆိုပြီး သက်သေပြလိုက်တာကတော့ ခုနကမိုးရေတွေထဲအပြေးအလွှားဖြတ်သန်းခဲ့ကြတဲ့လူငယ်လေးငါးယောက်ပဲ ဖြစ်ပါလိမ့်မည်။

အဲ့လူငယ်လေးငါးယောက်ပျော်ခဲ့လားမပျော်ခဲ့လားဆိုတာကိုတော့

ကျဆင်းခဲ့တဲ့မိုးရေစက်တွေ

လှပမြဲလှပနေတဲ့​မိုးကောင်းကင်နဲ့

သူတို့နှလုံးသားတွေပဲသိကြလိမ့်မည်။

"ဟယ်လို....အမေ သားဒီနေ့အိမ်ပြန်မလာတော့ဘူးနော်...စာမေးပွဲနီးလို့လေသူငယ်ချင်းတွေနဲ့စာတူတူကျက်မလို့..."

Starlight Story of a flower🌠🌧Where stories live. Discover now