အမှောင်အတိဖြစ်နေတဲ့
မျက်လုံးအစုံကိုအားယူကာကြိုးစားဖွင့်မိတော့မြင်လိုက်ရတဲ့ အဖြူရောင်မျက်နှာကျက်။ငါဘာဖြစ်သွားတာလဲ ဟူ၍သာ
Sunghoon အမေးထုတ်မိသည်။နောက်ဆုံးမှတ်မိလိုက်တာက
အားကစားကွင်း...ဟုတ်တယ်။
Jay တို့ကိုအအေးသွားယူပေးမယ်ဆိုပြီးသူထသွားတာလေ။ကိုက်ခဲနေတဲ့ခေါင်းကိုအနည်းငယ်ထိန်းကိုင်ရင်း
ထဖို့ကြိုးစားလိုက်သည်။
ဘေးဘီကိုကြည့်မိတော့
Jay တို့တွေအကုန်ရှိနေတာဘဲ။မနိုင့်တနိုင်ထဖို့ကြိုးစားတဲ့
Sunghoon ကိုမြင်တော့
အကုန်လုံးလည်း
Sunghoonအနားကို
အပြေးလာကြသည်။"Sunghoon မင်းအဆင်ပြေရဲ့လား......"
"ဖြေးဖြေးထအုံး"
ပြောပြောဆိုဆိုဖြင့် Jay က
Sunghoon ထရန်ကူပေးသည်။"ငါဘာဖြစ်သွားတာလဲ"
"မင်းမေ့လဲသွားတာလေ...ငါတို့အတွက်အအေးသွားယူပေးမယ်ဆိုပြီးထသွားရင်းရုတ်တရက်ကြီးမေ့လဲသွားတာ
အဲ့ဒါနဲ့ငါတို့လည်းမင်းကိုဆေးပေးခန်းကိုခေါ်လာခဲ့ရတာ"Sunoo အဖြေကို Sunghoon ခေါင်းငြှိမ့်မိသည်။
"ဒီနေ့တော့ပြန်လိုက်တာပိုအဆင်ပြေမယ်...ဆရာဝန်ကဒီတစ်ရက်လောက်တော့အနားယူဖို့ပြောသွားတာဆိုတော့..."
"ဟုတ်တယ် Niki ပြောတာမှန်တယ်။....မင်းဒီနေ့တော့ ပြန်လိုက်တော့ Sunghoon....
အားဆေးလည်းသွင်းတာပြည့်ခါနီးပြီ။...အဲ့ဒါပြီးရင်အိမ်ပြန်တော့""ဒါပေမယ့်..... "
"တိတ်..ထပ်မပြောနဲ့
ပြန်ဆိုပြန်...."သူ့ကိုစိတ်ပူပြီးပြန်ခိုင်းနေတဲ့
Jay ကိုငြင်းဖို့လုပ်ပေမယ့်
ဒီကောင်ကအပြောတောင်မခံပေ။"စာအတွက်တော့စိတ်ပူမနေနဲ့
Sunoo ရှိတယ်လေ...ဟုတ်တယ်မလား Sunoo ရား"သူ့စိတ်ကိုသိနေသလိုပြောတဲ့
Jungwon က Sunoo ကိုကြည့်ရင်း စာအတွက်အကူအညီတောင်းသည်။Sunoo လည်းအလျင်အမြန်ခေါင်းငြှိမ့်လိုက်သည်။
"ဟုတ်တယ်....ငါရှိနေတာဘဲစာအတွက်စိတ်ပူမနေနဲ့....မင်းသာ
ကောင်းကောင်းအနားယူလိုက်"
YOU ARE READING
Starlight Story of a flower🌠🌧
FanfictionSunsunki 💞🌠 side couple - Jaywon🌠 unicode+zawgyi 🦁🐧