Song recommend
( TWICE - I Got You )
( TWICE - When we were kids)"ရေး....ဟေး....ကျောင်းဆင်းပြီကွ....ရုပ်ရှင်ကြည့်ရတော့မယ်....ဝူးဟူး...."
အတန်းချိန်ပြီးတာနဲ့ရုပ်ရှင်ကြည့်ဖို့တက်ကြွနေသည့်
Jungwon သည်ကလေးတစ်ယောက်လိုပင်ရွှင်မြူးနေသည်မှာမြင်သူတိုင်းသိနိုင်သည်။
"ငါတို့ကျောင်းအင်္ကျီတွေနဲ့သွားလို့တော့မဖြစ်ဘူးထင်တယ်
အင်္ကျီပြန်လဲပြီးမှသွားကြမယ်လေ...အိုခေလား"
အခုမှJayပြောတာမှန်သလိုလို
ကျောင်းဝတ်စုံနဲ့သွားရင်ကျတမျိုးတော့ဖြစ်နေမှာအမှန်ပဲဟုတွေးမိကြသည်။
"ဒါဆိုဒီလိုလုပ်
ငါနဲ့ Jungwon ကတူတူလာမယ်
Jayနဲ့ Sunghoon ကတူတူလာ
ပြီးရင်အကုန်ဆုံပြီးမှ
Sunoo ကိုသွားခေါ်ကြမယ်လေ"
"အာ...ဟုတ်တယ်အဲ့အကြံကောင်းတယ် Niki"
Niki ရဲ့အကြံကို Jungwon ကထောက်ခံနေသလိုတခြားသူတွေလည်းလက်ခံမယ်ဆိုတာမမှားနိုင်ပေ။
"ကဲ ဒါဆိုငါတို့ ပြန်ကြမယ်လေ"
"အိုခေအိုခေ...ပြန်မယ်"
ထူးထူးဆန်းဆန်းအတိုင်အဖောက်ညီနေကြသော
Jay နဲ့ Jungwon တို့ကြားကလေထုကို Niki တို့နည်းနည်းတော့သံသယဝင်သယောင်အကဲခတ်ကြည့်နေမိသည်။
"Sunoo ဒီနေ့ ငါ့ကားနဲ့လိုက်ခဲ့နော်လိုက်ပို့ပေးမယ်"
ကူညီတတ်လွန်းတဲ့ Jungwon ကသိပ်ကိုချစ်စရာကောင်းသည်ဟု
Sunoo တွေးမိရင်းချက်ချင်းဆိုသလိုပြုံးမိသည်။
"ကျေးဇူးပါ....wonnie"
........
"Sunoo ခနနေတွေ့မယ်နော်တာ့တာ"
"ဟုတ်ပြီ Jungwon တာ့တာ"
အိမ်ရှေ့အထိလိုက်ပို့အပြီး
ခပ်သွက်သွက်နှုတ်ဆက်ပြီးနောက် စျေးဆိုင်ထဲမှာ
ပိုက်ဆံတွက်နေတဲ့
အမေ့ကိုတောင်
ဂရုမစိုက်နိုင်အခန်းထဲ
ပြေးဝင်ပြီးရှိစုမှတ်စု
အင်္ကျီတွေကို ဗီရိုထဲကအပြေးအလွှားဆွဲထုတ်ရသည်။
YOU ARE READING
Starlight Story of a flower🌠🌧
FanfictionSunsunki 💞🌠 side couple - Jaywon🌠 unicode+zawgyi 🦁🐧