စူးရှနေတဲ့နေရောင်ခြည်တချို့နဲ့စိမ်းလဲ့နေသောသစ်ရွက်တို့၏အလှတရားကိုပေါင်းစပ်ကြည့်လျှင် မြင်သူတိုင်းအေးချမ်းမိမှာအမှန်ပင်။
ကားသံများဆူညံနေသော
မြို့ပြများနှင့်ကွဲထွက်ကာ
စိမ်းစိုစိုလယ်ကွင်းများကသာနေရာယူထားသည့် နယ်မြို့လေးတစ်မြို့...။အဖြူနောက်နောက်လမ်းမကျယ်ကြီးပေါ်ကတစ်ရွေ့ရွေ့ဖြတ်သန်းလာသောကားလေးတစ်စီးပေါ်တွင်ပျံ့လွင့်နေသောသီချင်းသံသဲ့သဲ့လေးနှင့်
မိသားစုလေးတစ်စုတို့ဟာအပြုံးတစ်ခုကိုယ်စီဖြင့်
လိုက်ပါလာကြသည်။ဘယ်ဘက်ကိုကြည့်ကြည့်
ညာဘက်ကိုကြည့်ကြည့်
စိမ်းရောင်သန်းနေသည့်လယ်ကွင်းလေးတွေပေါ်တွင်ဖြာကျနေသည့်နေရောင်တို့ကသာကြီးစိုးနေသည်။အနီရောင်၊အပြာရောင်၊အဝါရောင် အရောင်စုံပန်းပွင့်လေးတို့အစပျိုးထားတဲ့ ခရစ်ယာန်အဆောက်အဦလေးတစ်ခုစီသို့နီးကပ်လာသည်နှင့်အမျှကလေးငယ်တို့၏ ဆော့ကစားသံတို့ကိုပိုပို၍သာကြားလာရသည်။
ဒီနေရာလေးကတော့
မြို့နဲ့အလှမ်းဝေးတဲ့တစ်နေရာပေါ်မှာတည်ဆောက်ထားတဲ့꿈 (အိမ်မက်) ဂေဟာ တဲ့။
အဆောက်အဦ အနီးသို့ရောက်ပြီဆိုတာနှင့် တရွေ့ရွေ့မောင်းနှင်လာတဲ့ကားလေးဟာအရှိန်သတ်လိုက်ရင်း
လိုက်ပါလာတဲ့ မိသားစုလေးဟာလည်း ကားပေါ်မှာဆင်းလာကြသည်။သက်လတ်ပိုင်းအမျိုးသမီးတစ်ဦးနှင့်အမျိုးသားတစ်ဦး
ပြီးတော့သူတို့နှစ်ယောက်နဲ့ဆင်တူတဲ့မျက်နှာသွင်ပြင်ရှိတဲ့ကလေးလေးတစ်ယောက်။သူတို့မိသားစုလေးကိုတွေ့တာနဲ့
ဒီဂေဟာလေးရဲ့အုပ်ထိန်းမှုကိုအပြည့်အဝရထားတဲ့ဂေဟာမှူးကဝမ်းပန်းတသာဖြင့်ကြိုဆိုလာသည်။"သူဌေးလေးတို့ရောက်လာကြပြီကိုး....ကလေးတွေကသူဌေးလေးတို့ကိုမျှော်နေရှာတာ....မနေ့ကသူဌေးလေးတို့လာမယ်လို့ပြောလို့ထင်ပါတယ်.... မနက်စောစောထပြီးဟိုးမှာတွေ့တဲ့အတိုင်းဆော့ရင်းနဲ့စောင့်နေကြသတဲ့"
"ဟုတ်တယ်ဗျာ....ကျွန်တော်တို့နည်းနည်းနောက်ကျသွားတယ်
ဒီကသားတော်မောင်ကရစ်နေလို့"
YOU ARE READING
Starlight Story of a flower🌠🌧
FanfictionSunsunki 💞🌠 side couple - Jaywon🌠 unicode+zawgyi 🦁🐧