Recommend song - Time of love( ATEEZ )
"Jungwon ရား......မြန်မြန်လုပ်စမ်းပါကွာ ရေချိုးခန်းထဲများအိပ်ပျော်နေလားမသိ"
"လုပ်နေတယ်လေ....ခုနလေးတင်ဝင်ပြီးခုချက်ချင်းရေချိုးပြီးရအောင်ငါကဂျက်လေယာဥ်မှမဟုတ်တာ"
မနက်စောစောစီးစီးတည်းကနေစပြီးဆူညံသံတွေထွက်နေသည်မှာ
တခြားတော့မဟုတ်....
Sunoo တို့အိမ်ဖြစ်ပါသည်။ခါတိုင်းဆိုတိတ်ဆိတ်မြဲတိတ်ဆိတ်ဆဲ ဖြစ်နေပေမယ့်
မနေ့ကနေစပြီးဆူညံနေခဲ့တာ
ပြောရရင်ဒီမနက်ထိပေါ့။အခုလည်း Jungwon နဲ့ Niki ရဲ့ရေချိုးခန်းပြဿနာဖြေခန်းကြည့်နေရတာဖြစ်သည်။
မနေ့ညကသူတို့အကုန်
Sunoo တို့အိမ်မှာအိပ်ကြတာဖြစ်ပြီး ကျောင်းသွားဖို့မနက်စောစောထရေချိုးဖို့လုပ်နေကြသည်။ဆိုးတာကနဂိုတည်းကသာမန်အိမ်တစ်လုံးဖြစ်သည့်အပြင်
လူနည်းသည့်အတွက်
ရေချိုးခန်း Toilet တစ်ခုဘဲရှိတဲ့ပြဿနာဘဲဖြစ်လိမ့်မည်။ကျောင်းသွားဖို့ပြင်ရမယ့်လူကငါးယောက်၊အိပ်ယာထနောက်ကျတာနဲ့ တင်မနက်စောစော Sunoo တို့အိမ်မှာပွက်လောရိုက်လို့နေပြီ။
"ထွက်လာပြီကွာ...တခါတည်းတဂျီဂျီနဲ့အော်နေတာကြက်တူရွေးကျနေတာဘဲ"
"ထွက်လာရင်လည်းဖယ်ကွာ"
နဂိုကရေချိုးကြာတဲ့ Jungwon တစ်ယောက် Niki အော်လို့
ရေဆက်လက်နဲ့ရေချိုးခန်းထဲမှမြန်မြန်ထွက်ပေးလိုက်ရသည်။ဒါကိုတောင်ဒင်းကကျေးဇူးမတင်
အတင်းတွန်းဖယ်ပြီးရေချိုးခန်းထဲဝင်သွားလေရဲ့။"ဒီကောင်ကတော့ငါလုပ်လိုက်ရ....."
ကျိန်ဆဲလို့တောင်မဆုံး
ခပ်မွှေးမွှေးရလာတဲ့ ဟင်းနံ့ကြောင့် Jungwon ပါးလေးတွေမို့မောက်သွားအောင်ပြုံးလိုက်ပါသည်။အိမ်မှာနေရင်တောင်ထမင်းလက်စုံစားရတာကိုသဘောကျတကြောင့်အခုလည်းအကုန်လုံးနဲ့ထမင်းစားမှီအောင်...မနေ့ကမိုးရေမိလို့လျှော်ထားရတဲ့အင်္ကျီကိုကြိုးတန်းမှဖြုတ်ပြီးမြန်မြန်ကောက်စွတ်လိုက်လေသည်။
YOU ARE READING
Starlight Story of a flower🌠🌧
FanfictionSunsunki 💞🌠 side couple - Jaywon🌠 unicode+zawgyi 🦁🐧