When the sun goes down🤙🌟

96 10 4
                                    

Recommend song - One In A Million ( TWICE )

ဒေါက်...ဒေါက်...ဒေါက်...
ဒေါက်...ဒေါက်...ဒေါက်...

မနက်နေရောင်ဖြာဖြာက
Sunoo တို့အားလုံးစုနေတဲ့အခန်းလေးထဲကို ပြတင်းပေါက်
လိုက်ကာမှတဆင့်စီးဆင်းကျနေသည်။

အခန်းကနေလှမ်းမြင်နေရတဲ့
ဂျယ်ဂျူကျွန်းရဲ့အလှကလည်း နှစ်ခါပြန်တောင်ပြန်ကြည့်ချင်စရာ။

ဒါပေမယ့်အဲ့အလှတရားကကြာကြာမခံ။

နောက်ကျမှအိပ်မိတဲ့ Sunoo တို့တစ်အုပ်စု
မနက်ကိုးနာရီထိတောင်မထကြသေး။

အခန်းတံခါးကိုလည်းလာခေါက်နေတာကြောင့်
Sunoo စောင်ပုံထဲမှကုန်းရုန်းထပြီးအခန်းတံခါးကိုသွားဖွင့်လိုက်မိသည်။

စိတ်ထဲမှာတော့နည်းနည်းလေးကျိန်ဆဲမိသည်။
ဘယ်သူကများအိပ်နေတာကိုလာနှောင့်ယှက်နေတာလဲဆိုပြီး....

အိပ်မှုန်စုတ်မွှားဖြစ်နေတဲ့မျက်လုံးကိုပွတ်၊
ရှုပ်ပွနေတဲ့ဆံပင်ကိုလက်ဖြင့်အသာသပ်၊
ကဗိုကယိုအင်္ကျီကိုပြန်ပြင်ဝတ်ရင်း တံခါးကိုဖွင့်မိတော့....သူတို့အခန်းထဲကတစ်ယောက်ပင်။

"Sunoo.... ဆရာမခေါ်နေပြီမြန်မြန်လာခဲ့ကြ....နောက်ဆယ့်ငါးမိနစ်နေရင်....ပင်လယ်ဘက်မှာတွေ့မယ်တဲ့....မြန်မြန်လာနော်နောက်မကျစေနဲ့အုံး...."

တစ်ဖက်ကပြောတဲ့သူငယ်ချင်းက Sunoo နဲ့မတူ သန့်ပြန့်အောင်ဝတ်စားထားပါသေးသည်။

မနက်စောစောဘာတွေလာပြောနေတာလဲလို့တွေးမိပြန်သည်။

"အင်း...အင်း...လာခဲ့မယ်နော်"

လာခဲ့မယ်ဟုသာတစ်ခွန်းပြောရင်း....Sunoo ခပ်တွေတွေတွေးနေမိသည်။

နေပါအုံး...ဆရာမကဘာကိစ္စပင်လယ်ဘက်မှာတွေ့မယ်ပြောတာလဲ...နောက်ကျလို့ရောဘာလို့မဖြစ်တာလဲ....

တွေးရင်းနဲ့မှ
သတိရသွားပါပြီ
မနေ့ကSunghoon ပြောခဲ့တာ မနက်ဖြန် activity တွေရှိတယ်စောစောအိပ်ဆိုတာ.......

သတိတရဖြစ်သွားတဲ့ဦးနှောက်နဲ့အတူနာရီကိုပြေးကြည့်မိတော့ ကိုးနာရီ။

ခေါ်ထားတာကနောက်ဆယ့်ငါးမိနစ်။
ပြူးကျယ်သွားတဲ့
မျက်လုံးနဲ့အတူ
ကျန်တဲ့လူတွေကိုနှိုးဖို့ပြင်ရသည်။
ကျန်တဲ့လူတွေကလည်းခုတင်ပေါ်မှာကဗိုကယို
စောင်ပုံပိတဲ့လူနဲ့စောင်ခေါင်းမြှီးခြုံတဲ့လူနဲ့၊ခွေခေါက်အိပ်နေတဲ့လူနဲ့၊ မှောက်ယက်ကြီးအိပ်နေတဲ့လူနဲ့ ဒီလောက်အိပ်မောကျနေတာကိုသူဘယ်လိုနှိုးရပါ့မလဲ
နှိုးလဲထမယ့်ပုံမပေါ်။

Starlight Story of a flower🌠🌧Where stories live. Discover now