Recommend Song - Fire on Fire( Sam Smith )
တင်.....
အချိန်အားဖြင့်
မနက်ခုနှစ်နာရီ
Sunoo သူ့အမေစျေးဆိုင်အတွက် ကျောင်းမသွားခင်ကူပေးနေတုန်းမှာပဲ ဖုန်းထဲဝင်လာတဲ့ message တစ်စောင်ကြောင့် Sunoo အပြေးသွားကာ ဖုန်းကိုဖွင့်ကြည့်မိသည်။အမည်မသိတဲ့ contact noti လေးကြောင့် Sunoo မျက်ခုံးလေးအနည်းငယ်ရှုံ့ရင်း
ဝင်ကြည့်လိုက်ပါသည်။"Sunoo ငါ Niki ပါ
အဆက်အသွယ်မလုပ်မိတာတောင်းပန်ပါတယ်။
ဒီနေ့ကျောင်းအနောက်ပေါက်နားက စတိုခန်းအဟောင်းမှာ ငါ့ကိုလာတွေ့ပါလား....အကြောင်းစုံရှင်းပြချင်လို့ပါ....တခြားသူတွေကိုတော့မပြောနဲ့အုံး....အခုကလူတွေနဲ့တွေ့ရမယ့်အနေအထားမဟုတ်တာမို့လို့...ဟုတ်ပြီလား.....နောက်နာရီဝက်နေရင်တွေ့မယ်..."အမည်မသိတဲ့ contact ကနေဆိစိတ်ကအလိုလိုသိသွားသည်မှာအမှန်ဖြစ်သည်။င့် Sunooရဲ့ ရင်အစုံဟာ ထိန်းမရအောင်ခုံသွားပါသည်။
သူ့ကိုလာတွေ့ဖို့ပြောထားတာမို့လို့ Niki မှာသူ့ကိုပြောဖို့အကြောင်းတွေရှိနေမှန်း
Sunoo စိတ်ကအလိုလိုသိသွားသည်မှာအမှန်ဖြစ်သည်။နာရီသံတချက်ချက်ကိုအပြေးငေးကြည့်ရင်း
ရေမိုးချိုးကာ
ကျောင်းဝတ်စုံကိုဝတ်
အမေပြင်ပေးထားတဲ့
မနက်စာကိုတောင်မစားနိုင်ပဲအလျင်အမြန် လမ်းမပေါ်ပြေးထွက်လာခဲ့သည်။မနက်စောစောအချိန်ဖြစ်တာကြောင့်
ကျောင်းမှာတောင်လူသွားလူလာနည်းနေသည်လေ။ဟိုကြည့်ဒီကြည့်ဖြစ်ကာ
မက်ဆေ့ထဲကချိန်းထားတဲ့နေရာကိုပဲအလျင်အမြန်လျှောက်လာခဲ့သည်။လျှောက်လာတဲ့
တစ်လျှောက်လုံး
အေးစက်စက်ဖြစ်နေတဲ့အငွေ့အသက်ဟာ
Sunoo ရင်ထဲတစွန်းတစဖြတ်သန်းသွားသည်ကို Sunoo သတိမထားမိခဲ့ပါ။ဘယ်သူကများသတိထားမိမလဲ....
ချစ်ရတဲ့သူကိုစိတ်ပူမိနေတာမို့လေ။
အနည်းငယ်အိုဟောင်းနေတဲ့
ကျောင်းအနောက်ပေါက်နားကလူသွားလူလာနည်းတဲ့
အဆောက်အဦအသေးလေးရှေ့ကို Sunoo ခြေချလိုက်သည်။
YOU ARE READING
Starlight Story of a flower🌠🌧
FanfictionSunsunki 💞🌠 side couple - Jaywon🌠 unicode+zawgyi 🦁🐧