Side story of Jaywon ( Part 1 )🤒💞

60 7 1
                                    

Song recommend-Say yes(punch, Loco)

18.9.2023
မနက်ဖြန်ဆိုငါကျောင်းအသစ်ကိုသွားရတော့မယ် မသွားချင်ပါဘူးဆို Appa နဲ့ Omma ကအတင်းပြောင်းခိုင်းတယ်။

19.9.2023
ဒီနေ့ကငါကျောင်းအသစ်ကိုပထမဆုံးရောက်တဲ့နေ့ ကျောင်းကမဆိုးပါဘူး။ဒါပေမယ့်လူတွေကတော့စိတ်ပျက်စရာကောင်းတယ်။
ဒီလောက်ဒုက္ခရောက်နေတဲ့လူတစ်ယောက်လုံးကိုမကူညီပဲဝိုင်းအနိုင်ကျင့်နေကြတယ်လေ။
အခုတော့အဆင်ပြေသွားပြီ။
ငါနဲ့ Niki ကအဲ့ကောင်လေးကိုကူညီပေးလိုက်တာမို့လို့လေ။

20.9.2023
ဒီနေ့ငါကျောင်းကိုလမ်းလျှောက်သွားလိုက်ရတယ်။
အိမ်က ကားကပျက်နေလို့လေ။
ဒီကြားထဲ လူဆိုးတစ်ယောက်ကြောင့်ငါပါရောယောင်ပြီးပြေးလိုက်ရသေး။ဘယ်လိုကောင်လဲမသိပါဘူး။လူကိုလာဖက်ပြီးနမ်းမလိုတောင်လုပ်လိုက်သေးတယ်။
တော်တော်ဆိုးတဲ့လူ။ပြီးတော့ဟိုဟာစားမလား။ဒီဟာစားမလားနဲ့စကားစနေသေး။အလိုက်ကမ်းဆိုးကိုမသိဘူး။
ပြီးတော့ဒီ​​နေ့ငါ့ဘဝမှာပထမဦးဆုံးအနေနဲ့ရန်ဖြစ်ခဲ့တယ်။
ညစ်ပတ်နေတဲ့ကြမ်းပြင်ပေါ်မှာလူးလိမ့်ပြီးရန်ဖြစ်ရတဲ့ခံစားချက်ကမကောင်းပေမယ့် အဲ့အစားငါ့ဘဝအတွက်သူငယ်ချင်းအသစ်တွေကိုရလိုက်တယ်လေ။
သုံးသပ်စာ​လည်းရေးလိုက်ရသေးတယ်။ ဒါပေမယ့်ပျော်ဖို့တော့ကောင်းသား။
Sunghoon ကတော့အနေအေးတယ်ထင်ရပေမယ့်သဘောကတော့တကယ်ကောင်းတယ်
သူ့ကားနဲ့တောင်ငါ့ကိုလိုက်ပို့လိုက်သေးတယ်။
Jay ကတော့.........................
မသိဘူး။သူကဒီတိုင်းကုတ်ကမြင်းပဲ။
Niki ကတော့
မပြောတော့ပါဘူး။ထုံးစံအတိုင်းသူတန်ဖိုးထားတဲ့အရာကိုအမြဲစောင့်ရှောက်နေတတ်တဲ့ကောင်လေး။
Sunoo သူကတော့တကယ့်ကိုဖြူစင်တဲ့ကောင်လေး။
ဘာဖြစ်ဖြစ်ဒီနေ့ကငါ့အတွက်တော့အဖိုးတန်တဲ့နေ့တစ်နေ့ပဲ။

21.9.2023
ဒီနေ့ကတော့ကျောင်းမှာဂယက်အထဆုံးနေ့ပဲ။
စရောက်သွားတည်းက
ဆရာမပေးလိုက်တဲ့ Project ကိုလုပ်ရတော့တာပဲ။
စာမရပါဘူးဆိုမှပုံဆွဲရ Label တပ်ရနဲ့။ဒီကြားထဲ ဟို Jay ဆိုတဲ့လူကြောင့် ကော်ဖီမှောက်လို့ကမမ်းကတမ်းနောက်တစ်ပုံဆွဲရသေး။ အဲ့လူကအတော်ဆိုးတာ။
ငါလည်းဆိုးတာပဲဆာလဖာဒိုင်အောက်ဆိုဒ်တောင်မသိပဲဆာလဖွန်လို့ထင်ခဲ့မိတာ။
နောက်ဖြေရမယ့်အထက်တန်းနောက်ဆုံးနှစ်စာမေးပွဲအတွက်တော့အတော်ရင်လေးမိတယ်။
ဒါပေမယ့်စာရတဲ့လူနှစ်ယောက်ရဲ့ကျေးဇူးတွေကြောင့်ပထမရခဲ့သေး။ကျေးဇူးရှင်လေးSunghoon နဲ့ Sunoo။
ပြီးတော့ဒီနေ့ကာယအချိန်မှာ
ဟိုဘက်Cခန်းကကောင်တွေကရန်လာစသေးတယ်။အဲ့ထဲက Jo Sung Mo ဆိုတဲ့ကောင်ကအဆိုးဆုံး။ Niki ကိုတောင်ထိုးဖို့လုပ်လိုက်သေးတယ်။ဒါပေမယ့် Jay ဆိုတဲ့လူဝင်တားလို့။ အမှန်တိုင်းဝန်ခံရရင်အဲ့တုန်းက Jay ရဲ့ပုံရိပ်ကိုကြည့်ပြီးငါရင်ခုန်သွားခဲ့တယ်။
ငါနဲ့ဒီဒိုင်ယာရီစာအုပ်လေးပဲသိတဲ့အမှန်တရားတစ်ခုကတော့
ငါ Jay ဆိုတဲ့လူကို မဆိုသလောက်လေးသဘောကျမိတယ်။

Starlight Story of a flower🌠🌧Where stories live. Discover now