Let Me Be Your Friend ✨

113 10 4
                                    


"Sunghoon ကျောင်းမှာစာလိုက်နိုင်လား"

ထမင်းစားနေရင်းမေးလာတဲ့အမေးကြောင့် Sunghoon သက်ပြင်းသဲ့သဲ့ချရင်းဖြေမိသည်။

"ဟုတ်ကဲ့...ကျွန်တော်လိုက်နိုင်ပါတယ်"

"ဒီတခေါက်စာမေးပွဲရောအရင်လိုအဆင့်တစ်ဘဲလား"

Sunghoon ကိုတောင်
မကြည့်ဘဲထမင်းစားရင်း
ဖြင့်သာ မေးလာတဲ့
အဖေဖြစ်သူရဲ့လေသံဟာ
အနည်းငယ်မျှမာထန်နေခဲ့သည်။

"မဟုတ်ပါဘူးအဖေ...အဆင့်နှစ်ပါ"

အဆင့်နှစ်လို့ပြောလိုက်တော့
အဖေဖြစ်သူဟာစားလက်စဇွန်းကိုထမင်းစားပွဲပေါ်
ဂေါက်ခနဲ့မြည်အောင်ချလိုက်သည်။

"ဒါဆိုအဆင့်တစ်ကဘယ်သူလဲ"

"Kim....Kim Sunoo ဆိုတဲ့ကောင်လေးပါ"

"အသိုင်းအဝိုင်းမရှိပိုက်ဆံမရှိလို့ကျူရှင်တောင်မတက်နိုင်တဲ့ကောင်လေးကိုတောင်မင်းမကျော်နိုင်ဘူးလား
Park Sunghoon...."

ဖအေဖြစ်သူရဲ့စကားသံဟာအနည်းငယ်မြင့်တက်လာသည်။

"မ..မဟုတ်ပါဘူးအဖေ"

"မင်းဒီလောက်တောင်အသုံးမကျဘဲ လူတွေရှေ့မှာမင်းကငါ့သားပါလို့ ဘယ်လိုပြောရမလဲ....မင်းရဲ့အဲ့ဒီသုံးစားမရတဲ့ဦးနှောက်ကနေနည်းနည်းလောက်စဥ်းစားကြည့်စမ်းပါအုံး...Park Sunghoon"

"နောက်ဒီလိုမဖြစ်စေရပါဘူး
အဖေ....ကျွန်တော်တောင်းပန်ပါတယ်"

"တောင်းပန်ရုံနဲ့ပြီးမယ်လို့မင်းထင်လား"

Sunghoon ရဲ့မျက်နှာကိုစူးစိုက်ကြည့်ကာပြောလာတဲ့အဖေဖြစ်သူရဲ့စကားအသွားအလာကို Sunghoon ကောင်းကောင်းကြီးနားလည်ပါသည်။

"ထမင်းစားပြီးရင်စာကြည့်ခန်းထဲလာခဲ့"

ယတိပြတ်စကားတစ်ခွန်းကိုသာဆိုရင်းထမင်းစားပွဲကနေထထွက်သွားတဲ့အဖေဖြစ်သူကို Sunghoon လိုက်ကြည့်မိသည်။

တချို့ဒဏ်ရာတွေအတွက်ပြင်ဆင်ထားရအုံးမှာဘဲ။

ရင်ထဲကမကျက်တဲ့ဒဏ်ရာတွေရဲ့အစပြုရာကတော့
သိပ်ချစ်ရတဲ့သူတွေပေါ့။
သိပ်ချစ်ပေးသလိုသိပ်နားလည်ပေးနိုင်မယ်
လို့ထင်ခဲ့တဲ့
ကိုယ့်ချစ်ရသူတွေဟာကိုယ့်ကိုနာကျင်အောင်အလုပ်တတ်ဆုံးလူတွေဆိုတာမှန်ပြန်ပါသေးသည်။

Starlight Story of a flower🌠🌧Where stories live. Discover now