Recommend Song - Someday(AMPERS&ONE)
တီတီ...တီတီ...တီတီ...
တီ..တီ..တီ..တီ......
အဆက်မပြတ်မြည်နေတဲ့
alarm သံဟာ Niki ရဲ့အိမ်မက်ကမ္ဘာကိုဖျက်ဆီးပစ်လိုက်သည်။
ကြည့်လိုက်တော့
မနက်ခြောက်နာရီ ဒီနေ့ကျောင်းရဲ့လေ့လာခရီးသွားရမှာမို့
မနက်စောစောထမယ်ဆုံးဖြတ်ပြီးသူ့ဘာသူ alarm ပေးထားခြင်းဖြစ်သည်။
ကဗိုကယိုစောင်ပုံကိုအသာအယာဖယ်ရင်းအခန်းတံခါးလှပ်မိတော့
သူ့ရဲ့အခန်းမျက်စောင်းထိုးကနေ
မီးလင်းနေတဲ့ သူတို့အိမ်ရဲ့ဘုရားဝတ်ပြုခန်းလေးကိုအကြည့်ရောက်မိသည်မှာအမှန်။
ခြေလှမ်းခပ်စိပ်စိပ်ဖြင့်
တံခါးကိုအသာတွန်းကြည့်တော့
လပ်ဝါးကပ်တိုင်ရုပ်ထုရှေ့မှာဖယောင်းတိုင်လေး ထွန်းရင်းဝတ်ပြုဆုတောင်းနေတဲ့ သူ့ရဲ့အမေဖြစ်သူအားမြင်ရပါသည်။
အမှန်တော့ ဒီလိုဝတ်ပြုတဲ့ကိစ္စ
သာမန်ကိစ္စရပ်တစ်ခုပင်ဖြစ်လိမ့်မည်။
Niki ဒီအိမ်ကိုစရောက်တည်းကမြင်ရတဲ့ကိစ္စဆိုလည်းမမှားပေ။
"အမေ...."
အမေလို့ခပ်တိုးတိုးတစ်ခွန်းဆိုမိတော့အမေဖြစ်သူ၏မျက်နှာလေးသည် သူရပ်နေရာဘက်ကိုလှည့်ကာကြည့်လာသည်။
အမေဟာ Niki ကိုမြင်သည်နှင့်
ကြည်ကြည်လင်လင်လေးပြုံးပြကာလက်ကလေးအားလှမ်းကိုင်သည်။
အမေဟာဒီလိုလူမျိုးပါ။
အမြဲသူ့ကိုမေတ္တာတွေပေးနေသူပေါ့။
"သားငယ်...နိုးနေပြီလား...
ဒီနေ့လေ့လာရေးခရီးသွားရမှာမလား...ဘယ်လိုလဲ ပြင်ဆင်စရာတွေရောပြင်ဆင်ပြီးပြီမလား"
"ပြင်ပြီးပါပြီအမေရဲ့...အမေကရောအစောကြီးထပြီးဝတ်ပြုနေတယ်ပေါ့...ညဘက်တွေအိပ်မပျော်ပြန်ဘူးလား"
Niki စိုးရိမ်သယောင်မေးတော့ အမေဖြစ်သူဟာခပ်ဖွဖွပြုံးရင်းခေါင်းခါပြလေရဲ့။...
![](https://img.wattpad.com/cover/343576243-288-k207309.jpg)
YOU ARE READING
Starlight Story of a flower🌠🌧
FanfictionSunsunki 💞🌠 side couple - Jaywon🌠 unicode+zawgyi 🦁🐧