💔 အလျော်အစား 💔
================
အပိုင်း-၁
======မွေးနေ့ပွဲ တစ်ခု..ရှင်းရှင်းပြောရရင် လူကုံထံတွေရဲ့မွေးနေ့ပွဲ...တစ်ခု....၊
မီးရောင်တွေက အရောင်စုံ လင်းလက်နေကြသည်။စားသံသောက်သံတွေနဲ့ လူအများအပြားရဲ့ရယ်မောသံ...
ထို့စဉ် ထိုအသံအားလုံးကို ထိုးဖောက်ပြီး..သြဇာရှိသော အသံတစ်သံက ထိုးဖောက်ထွက်ပေါ်လာသည်။
"ကြွရောက်လာကြတဲ့ ဧည့်ပရိတ်သတ်များခဗျာ..ကျွန်တော်သမီးလေးရဲ့မွေးနေ့ကို ကြွရောက်လာပေးကြတဲ့အတွတ် ကျေးဇူးတင်ကြောင်းပြောပါရစေ"
ဦးအာဏာက စကားရပ်လိုက်ပြီးမှ ပြုံးလိုက်သည်။ထို့နောက်..သူ့ရဲ့ဘေးတွင်အဖြူလွလွ ဂါဝန်ရှည်လေးနဲ့ ရပ်နေတဲ့ ယောရဲ့လက်ကို ဆွဲကိုင်လိုက်သည်။
"ခုဆိုရင်..သမီးလေးက အသက်၂၃ နှစ်ရှိသွားပြီ ဒါကြောင့်..ကျွန်တော့်ရဲ့ပိုင်ဆိုင်မှုမှန်သမျှကို သမီးလေး သံယောဇဉ်ထံ လွှဲပြောင်းပေးတော့မှာပါ"
"ဖေဖေ.."
ယော ဦးအာဏာကို မျက်ရည်လေးဝဲပြီးမော့ကြည့်သည်။
"မငိုနဲ့သမီး..ဖေ့သမီးက ဘယ်တော့မှ မျက်ရည်မကျရဘူး"
ယော ခေါင်းညိတ်လိုက်ပြီး ဦးအာဏာရဲ့လက်မောင်းကိုတွဲဖက်ထားလိုက်သည်။
"ဖေဖေ့ကို ချစ်တယ်.."
ဦးအာဏာက ယောကို ချစ်စနိုး ကြည့်ပြီး...
"သမီးက ဖေ့အတွက်အရာရာပါပဲ..."
ထိုစဉ်..
"ဟတ်ပီးဘတ်ဒေး..ယော..ဒါ ကိုယ့်လက်ဆောင်.."
ကတ္တီပါဘူးအနီလေးကို ကမ်းပေးနေတဲ့ ခန့်ထည်ကို ယော..စိုက်ကြည့်ပြီး..
"ကိုခန့်..ယောက မွေးနေ့လက်ဆောင် လက်မခံဘူးဆိုတာ သိတယ်မလား.."
"သိပါတယ် ဒါပေမယ့် ကိုယ်က တစ်ခြားသူမှမဟုတ်တာ.."
"အတူတူပဲ ကိုခန့်..သုံးဆောင်ပါနော် ဖေဖေ ယော အပေါ်တက်တော့မယ်.."
"အိုခေ သမီး.."
ယော ပြောပြီး ဂါဝန်စလေးကို မ,ပြီး လှည့်ပြေးဝင်လာခဲ့သည်။သို့သော်..