💔 အလျော်အစား 💔
================
အပိုင်း-၂၁ (ဇာတ်သိမ်း)"ဒေါက်.."
အထင် ဖန်ခွက်ကို ဒေါက်ခနဲ့ဆောင့်ချပြီး..အရက်ထပ်ငှဲ့သည်။ဘေးနားက ထိုင်နေရတဲ့မင်းဇော်..ခေါင်းကုတ်လိုက်ပြီး...
"ဟေ့ကောင်..တော်တော့..."
နောက်တစ်ခေါက် ထပ်သောက်သော..မင်းဇော်ရဲ့တားသံ ံထွက်ပေါ်လာသည်။
"မရဘူးကွ ငါမူးနေမှဖြစ်မယ် ဒါမှ သူ့ကိုမေ့နိုင်မယ်..."
"မင်းကွာ..မချစ်တာလဲမဟုတ်ဘဲနဲ့ အတူနေရင်ရတာပဲ..အသည်းကွဲခံနေရတယ်လို့.."
"မရဘူး..မဖြစ်သင့်ဘူး..."
"ဘာမဖြစ်သင့်တာလဲ..စာအုပ်ကြီးအတိုင်းသွားမနေနဲ့ဟေ့ကောင်..မင်းရင်ဖက်ကြီးစုတ်ပြတ်သတ်သွားလိမ့်မယ်..."
"အဟွန့်..."
အထင် ရှတတရယ်လိုက်ပြီး..ရှည်မျော့မျော့အရက်ပုလင်းကို..မော့သောက်သည်။
"အထင် အဲလောက်ပြင်းတဲ့အရက်ကို မင်းသေအောင်..လုပ်နေတာလား"
မင်းဇော် အရက်ပုလင်းကို...လှမ်းဆွဲပေမယ့်..အထင်..ရှောင်ဖယ်လိုက်သည်။
အိမ်ပေါ်က အောင်အောင်မြင်မြင်ဆင်းလာတယ်ဆိုပြီး...ဖြစ်နေတဲ့ရုပ်က ခေါင်းမဖော်နိုင်အောင် မူးနေသည်။
"သူ့ကို..ငါချစ်တယ်..ဒါပေမယ့်.သူက..ငါ့ကိုလက်ထပ်တာ..ငါ့ကိုပြုစုအနစ်နာခံနေတာက သူ့အဖေကို ငါဘာမှမလုပ်ရဘူးဆိုတဲ့ကတိနဲ့ကွ"
"သူလဲ..ချစ်တာအသိသာကြီးပါကွာ..မင်းကလဲ..မင်းအပေါ်ဘယ်လောက်သည်းခံသလဲ.."
"သည်းခံတယ်..ဒါပေမယ့်..အဲဒါသူ့အဖေကြောင့်တစ်နေ့နေ့မှာ သူ့ကို ငါရက်စက်ခဲ့တာတွေ..သူ့အဖေကိုလက်စားချေခဲ့တာတွေ..ဒါတွေမပေါ်လာဘူးလို့..သူငါ့ကိုမုန်းမသွားဘူးလို့..မင်းပြောရဲလား"
"သူက မင်းကိုထွက်မသွားနဲ့လို့တားခဲ့တယ်ဆို"
"အင်း"
"ဒါနဲ့များကွာ မင်းကတော့ ကိုယ်စကားနဲ့ကို တိုင်ပတ်နေတာပဲ"
"သူ..မုန်းတယ်လို့ပြောလာမယ့်စကားကို ငါမကြားချင်ဘူး"
အထင် စားပွဲတွင် ခေါင်းလေးစောင်းအိပ်လိုက်ပြီး..