💔 အလျော်အစား 💔
================
အပိုင်း-၂
======"ကလင်..ကလင်.."
ဖုန်းသံကြားသည်နဲ့ ယော ကိုယ်လေးမတ်သွားရသည်။မတုတ်ကလည်း ဖုန်းကိုင်ရန် အပြေးအလွှား ရောက်လာသည်။
"နေ.နေ.မတုတ်..ယော ကိုင်လိုက်မယ်.."
အိမ်ဖုန်းဆိုရင် ယောက ကိုင်လေ့မရှိတာကြောင့် မတုတ် တအံတသြ မော့ကြည့်သည်။ံ
"ဟုတ်ကဲ့.."
"ဟဲလို.."
"မတုတ်..သမီးပြန်ရောက်ပြီလား.."
"ဖေဖေ.."
"ဟင်..သမီးလေးလား ကြားသားမိုးကြိုး ဖုန်းကိုင်လို့ပါလား.."
"ဖေဖေကလည်း.."
"ဟုတ်ပါပြီဗျာ..သမီးရယ် ဖေဖေ..ဒီည ပဲရစ်သွားရမယ်..ကုမ္ပဏီကနေပဲ တစ်ခါတည်း သွားမှာမို့ အဲဒါလှမ်းပြောတာ.."
"ဟင်..ဟုတ်လါး ဘယ်လောက်ကြာမှာလဲဟင်.."
"တပတ်လောက်ပါပဲ ဖေဖေပြန်လာရင် သမီးကြိုက်တဲ့ ရေမွှေးလေး ဝယ်လာခဲ့မယ်.."
"ဟုတ်ကဲ့ ကျန်းမာရေး ဂရုစိုက်နော် ဖေဖေ.."
"အိုခေ..သမီးရယ်..တာတာ့.."
ယော အချိန်အတော်ကြာအောင်ထိ ဧည့်ခန်းထဲတွင် ထိုင်နေခဲ့သည်။သို့ပေမယ့်..သူမ မျှော်နေတဲ့ဖုန်းသံလေးတော့ ပေါ်မလာခဲ့။
"ကိုယ်ဖုန်းဆက်မယ်နော်.."
ထိုစကားကြောင့်..
"လူလိမ်..."
ယော..အပေါ်ထပ်တက်လာခဲ့ပြီး...မွေ့ယာပေါ်ပစ်လှဲချလိုက်သည်။
ဘယ်လိမ့်ညာလိမ့်န ဲ့ခဏအကြာတွင်..ယော အိပ်ပျော်သွားရသည်။
"တူ..တူ..."
မှန်တင်ခုံစွန်းက ဖုန်းမြည်သံကြောင့် ယော..လှမ်းယူလိုက်သည်။
ဘယ်ကဖုန်းလဲ..ညနက်သန်းခေါင်ကြီးကို...ယော မျက်လုံး မဖွင့်ဘဲ ဖုန်းနားထောင်လိုက်သည်။
"ဟဲလို.."
"ယော..အိပ်နေပြီလား.."
"ဟင်.."
"ကိုယ် အထင်ကရပါ..ဖုန်းပြောလို့ရလား အိပ်နေပြီဆိုလည်း ကိုယ်ဖုန်းချလိုက်မယ်လေနော် ဂွတ်နိုတ်.."