💔 အလျော်အစား 💔
================
အပိုင်း-၆
======"သမီး.."
ယောကို..လာကိုင်တဲ့ ဦးအာဏာလက်ကို ယော ရှောင်ဖယ်လိုက်သည်။ယော မျက်ရည်တွေကို ငုံ့သုတ်လိုက်ပြီး..
"နာရီဝတ်တောင် မရှိသေးဘဲ မောင်က ဘာလို့ပြန်သွားရတာလဲ.."
"သူ အရမ်းမိုက်ရိုင်းတယ်..သမီး.မိဘတွေက ဘယ်လိုလူစားဖြစ်မလဲ မသိဘူး"
"ဒါပေမယ့်..ယော ချစ်တယ်လေ ဖေဖေရဲ့..ပြီးတော့ မိဘမရှိတာနဲ့ အပြစ်ဖြစ်ရလား..ယောမှာလည်း မေမေမရှိဘူးလေ.."
"သမီး ဖေဖေ ဘာမှတောင်..မပြောလိုက်ရသေးဘူး သူ့ဖာသာသူ ထပြန်သွားတာ"
"ဒါဆို ဘာလို့လဲ"
"သူ သမီးကို တကယ်မချစ်ဘူး..အပျော်ချစ်တာ ဒါမှမဟုတ်ရင် သက်သက်ချိုးတာပဲ..."
ယော မျက်လုံး ကျဥ်းမြောင်းသွားရကာ..
"အဲလိုဖြစ်နေရင်တောင် မောင်ကို..ယောချစ်တယ်..ယော ချစ်တဲ့သူပါ ဖေဖေ"
"တိတ်စမ်း..သမီး..အကြောင်းမဲ့မိုက်ရိုင်းနေသူနဲ့ ဖေဖေ သဘောမတူဘူး သူ့ထက်သာတဲ့လူနဲ့လက်ထပ်ပေးမယ်"
"ဖေဖေ ပေးစားမယ့်သူကို ယောမှ မချစ်တာ..ပေးစားတိုင်း ယော မယူနိုင်ဘူး.."
အပေါ်ထပ် ပြေးတက်သွားတဲ့ယောကိုကြည့်ပြီး..ဦးအာဏာမျက်နှာနီမြန်းသွားရသည်။
တစ်ဦးတည်းသော သမီးမို့ အရာရာအပြစ်မမြင်ခဲ့ပေမယ့်..ဒီတစ်ခါ သမီး လူရွေးညံ့လှချည်လား....
💔💔💔💔💔💔💔💔💔💔💔💔💔💔💔💔
"လူကြီးမင်း ခေါ်ဆိုသော ဖုန်းမှာ.စက်ပိတ်ထားပါတယ်ရှင့်.."
ယော ခေါ်သမျှ မောင်ဖုန်းက စက်ပိတ်ထားသည်။အိမ်ကို လာပြီးကတည်းက မောင်နဲ့မတွေ့ရတာ သုံးရက်တောင် ရှိသွားပြီ..
"မောင်..ဘာဖြစ်နေလို့လဲ.."
ယော အတွေးနဲ့အတူ စီးလင်း ဟိုတယ်ကို ရောက်လာခဲ့သည်။
ယော..ဝင်လာတော့..စားပွဲဝိုင်းတွေက..လူပြည့်နေသည်။
ယော ဒီအတိုင်း မတ်တပ်ရပ်နေစဉ်မှာပင်..အထင်က ဂီတာကိုင်ပြီး စင်ပေါ်တက်လာသည်။