💔 အလျော်အစား 💔
================
အပိုင်း-၁၃
=======ရှယ်ယာရှင် အစည်းအဝေး...
ဦးအာဏာခေါင်းဆောင်သော အဖွဲ့ဝင်အများအပြား အစည်းအဝေးကို တတ်ရောက်ကြသည်။
လူတွေစုံနေပေမယ့်..အစည်းအဝေးက မစသေး...
"ဘယ်သူ့ကိုစောင့်နေကြတာလဲ..."
"ဒုဥက္ကဌ..မရောက်သေးဘူး.."
"ဒုဥက္ကဌက အသစ်ဆို.."
"အင်းလေ..ဒါကြောင့်မို့ အစည်းအဝေးခေါ်တာပေါ့.."
တီးတိုးပြောသံတွေကို နားထောင်ပြီး ဦးအာဏာမျက်မှောင်ကုတ်သွားသည်။
သူက ဒီကုမ္ပဏီမှာ ဘာလဲ...
"ဒုဥက္ကဌ လာပြီ..."
တံခါးပေါက်က အော်ပြောလိုက်သံနဲ့အတူ..လူတွေအကြည့်တွေက ပွင့်လာမယ့် တံခါးဆီကိုဦးတည်သွားကြသည်။
အလင်းရောင်ဖြာနေသော အစည်းအဝေးကို တစ်လှမ်းချင်းလျောက်လာနေသော...လူရွယ်တစ်ဦး...ပြောရရင် မီးခိုးနဲ့အဖြူရောသောဆံပင်ကိုပိုင်ဆိုင်သော လူငယ်...
အနက်ရောင်ပေမယ့်ရောင်ပြေးနေသောအနောက်တိုင်းဝတ်စုံက..သူ့ကိုယ်တွင်ခန့်ညားစွာတည်ရှိနေသည်။ဖြူဖွေးနေသော အသားအရေနဲ့စူးရှသောမျက်လုံးအစုံကို ပိုင်ဆိုင်သော ထိုသူသည်....
ဦးအာဏာ..ဒုဥက္ကဌဆိုသူကို ကြည့်ပြီး မျက်နှာပျက်သွားသည်။
"အထင်ကရ..."
ဟုတ်ပါသည်..ဒုဥက္ကဌဆိုသူသည် အထင်ကရပင်ဖြစ်သည်။
အထင်က သူ့အတွက်ခုံရှေ့တွင်..မတ်တပ်ရပ်လိုက်ပြီး...
"ကျွန်တော်နာမည် အထင်ကရပါ..သိချင်တာရှိရင်မေးနိုင်ပါတယ်..ဒါပေမယ့်..ဘာလို့..ကျွန်တော်ဒုဥက္ကဌဖြစ်နေရတာလဲကို..စဉ်းစားမယ်ဆိုရင်..လွယ်ကူအောင်လို့တစ်ခုပြောပါရစေ..ကျွန်တော် ဦးဝဠာရဲ့သားပါ..."
"ဟင်..."
အစည်းအဝေးရှိလူကြီးတွေ အကုန် အံသြကုန်ကြသည်။ံတချို့ကျတော့လည်း..ဦးဝဠာရဲ့သားဆိုတာနဲ့ဒုဥက္ကဌ ရာထူးနဲ့ထိုက်တန်သွားသလို..ခေါင်းတညိတ်ညိတ်...