💔 အလျော်အစား 💔
================
အပိုင်း-၁၀
======="ဝှီးးး..."
အထင်...ဆိုင်ကယ်ရပ်လိုက်ပြီးမှ..ဆက်လျောက်လာခဲ့သည်။
"ရှပ်...ရှပ်...."
အထင် နောက်က ခြေသံတိုးတိုးအသံကြောင့်..မျက်မှောင့်ကုတ်သွားရသည်။
"ဝီးးး"
အနီးကပ် လေကိုဖြတ်ဝင်လာသော အရာက အထင်ဆီ တန်းတန်းမတ်မတ်..ပြေးဝင်လာသည်။သို့သော်..အထင်က နားပါးသူပီပီ..ကိုယ့်ကိုတစ်စောင်းလှည့်လိုက်သည်။ပါးလွှာသော ဓားပါးလေးက..အထင်ဂျိုင်းအောက်ကနေ..ဖြတ်ပြေးသွားသည်။
ထိုစဉ်....
ကားအနက်တစ်စီးရောက်လာပြီး.အနက်ရောင်ဝတ်ထားတဲ့ လူ..ခြောက်ယောက်ပြေးဆင်းလာသည်။အထင် အကြည့်တို့..ကားပါကင်မှတ်ထားတဲ့အုတ်ထိုင်ကို..အကြည့်ရောက်သွားရသည်။ အထင် မာကျစ်နေတဲ့ အုတ်တိုင်ကို လှမ်းဆွဲလိုက်ပြီး...စည်းတားသလိုမျိုးရှေ့တည့်တည့်ကို..အုတ်တိုင်နဲ့..ကွန်ကရစ်လမ်းကိုပွတ်ဆွဲသည်။
အထင် မျက်နှာတွင် ကြောက်စိတ်ဆို၍ မြူတမှုန့်မှမရှိဘဲ..နှုတ်ခမ်းကခပ်တွန့်တွန့်ပြုံးလိုက်သေးသည်။
"ဘာရပ်ကြည့်နေကြတာလဲ လာစရာရှိမြန်မြန်လာကြ..."
"ကဲဟာ..."
"ဘုတ်..ဘုန်း.."
"အားးး.."
"ဟင်..ဒုတ်ဒုတ်..."
"ဖြန်း...ဗုန်းးး..."
နာရီဝတ်ခန့်အကြာတွင်.....
အထင် အုတ်တိုင်ကို နဂိုနေရာတွင်ပြန်ထားလိုက်ပြီး..လှည့်ထွက့လာခဲ့သည်။
"ဦးအာဏာ..ဦးအာဏာ မျက်စိရှေ့ပေါ်မလာနဲ့ပြောထားရက်နဲ့ပေါ်လာတယ်ဆိုတော့..အဟွန်းး"
လူပုံက ဖြူဖြူသွယ်သွယ်လေးနဲ့..ဂျုဒို၊ကရာတေးပါ ကျွမ်းကျွမ်းကျင်ကျင်..တတ်မြောက်မည်ဟု..ဘယ်သူထင်အံနည်း။
"ဟဲလို...ယော မောင်ပြောစရာရှိလို့..."
💕💕💕💕💕💕💕💕💕💕💕💕💕💕💕💕
ကျောက်စရစ်လမ်းလေးက အေးမြနေသည်။လမ်းလေးတစ်လျောက်..သစ်ပင်ပုလေးတွေကြောင့် ပတ်ဝန်းကျင်ဟာ လှပနေသည်။