Part -4

1.9K 40 0
                                    

💔 အလျော်အစား 💔
================
အပိုင်း-၄
======

🎶 ရွှေအိုရောင် နှုတ်ခမ်းပါးလေးနဲ့ဆုံနေခိုက်မှာ..ရာသီဥတုကတော့ ကိုယ်ဖက်မှာ..ဘာမဆိုလုပ်ပစ်လိုက်ဖို့ကြံစည်ထားတာ..ဒီအချိန်မှာ အလန်းဆန်းဆုံး မင်းမျက်နှာ.🎶

စင်ဒီနဲ့ယော..ဖာလူဒါ..သောက်နေရင်းမှ..သီချင်းသံကြောင့်ပြိုင်တူ လှည့်ကြည့်လိုက်ကြသည်။စင်ထက်တွင် သီချင်းဆိုနေသူက အထင်ကရမဟုတ်ခဲ့။

"အထင်ကရ..ခုတလော..မလာဘူး.."

စင်ဒီစကားကြောင့် ယော မလုံမလဲဖြစ်သွားသည်။အထင်ကရနဲ့ သူမအကြောင်းကို..ပြောပြလိုက်ရင်ကောင်းမလား..

"စင်ဒီ..တကယ်တော့လေ..အထင်ကရက..ယောကို..."

"ဟော့..အထင်ကရပဲ.."

ယော..စကားမဆုံးမီပင်..အထင်ကရက ယောတို့ဆီကိုလျောက်လာ၏။

ရှားရောင်စတိုင်ပင်နဲ့အဖြူရှပ်လက်ရှည်ကို ဝတ်ထားတဲ့ အထင်ကရက..တကိုယ်လုံး..ရှင်းသန့်ဖြူဖွေးနေသည်။

ဘေးတစ်စောင်းခွဲထားတဲ့ဆံပင်စတိုင်ကြောင့်လည်း..လူရည်မွန်တစ်ယောက်အသွင်ကို..ဆောင်နေသည်။သို့ပေမယ့် ဘောင်းဘီအိတ်ထဲ လက်ထိုးထည့်ပြီး..လျောက်လာတဲ့ပုံက..ဘာမထီပုံစံမို့..ပုံစံအမျိုးမျိုးကွဲထွက်နေလေသည်။ပြောရရင် ခန့်မှန်းရခက်တဲ့ပုံစံမျိုးပင်။

အထင်ကရက..ယောနောက်ကျောတွင်.ရပ်လိုက်ပြီး..ယောလက်ကို..ဆုပ်ကိုင်လိုက်သည်။

"လိုက်ခဲ့.ယော..စင်ဒီ..ခွင့်ပြုပါဦး.."

"ဟမ်..ဟုတ်ကဲ့..."

စင်ဒီ..အကြောင်သား ခေါင်းညိတ်လိုက်သည်တွင်..ယောက အထင်နောက်ကို..ဒရောသောပါး..ပါသွားလေသည်။

💕💕💕💕💕💕💕💕💕💕💕💕💕💕💕💕

"အထင်ကရ..ယော.လက်ကို လွှတ်ပါ.."

အထင်က..ယောပြောတာကိုလှည့်တောင် မကြည့်ဘဲ..အုတ်ခုံပေါ်ဝင်ထိုင်လိုက်သည်။ထို့နောက်..ရပ်နေတဲ့..ယောကို ဝေ့ကြည့်လိုက်ရင်း..

"ထိုင်လေ.."

အထင်ကရက ယော ထိုင်သည်ထိ..ကြည့်နေပြီးမှ..

အလျော်အစား Where stories live. Discover now