💔 အလျော်အစား 💔
================
အပိုင်း-၉
======"မောင်လေး....."
တိုးတိုးလျလျ ခေါ်သံလေးကြောင့်..အထင် လန့်နိုးသွားရသည်။
"မမ.."
ကုတင်ပေါ်က ထပြီး မမ ခေါ်.."အမှတ်တရ"ကိုပြေးလိုက်သည်။
"နေပါဦး..မမရယ်..."
အထင် အသံကိုကြား၍ထင်..ရရ ခြေစုံရပ်လိုက်သည်။ရရက ကျောခိုင်းထားလျက်ပင်...
"နင် ကတိမတည်ဘူး.."
"မဟုတ်ဘူး..."
"ငါ...ငါ..အရမ်းနာကျင်ရတယ် နင်က သူ့ကို..ချစ်နေပြီ.."
အထင် ရရစကားကို မပယ်နိုင်ဘဲ ငေးကြည့်နေမိသည်။ရရ..တဖြေးဖြေးနဲ့ အထင်ဖက်ကိုလှည့်လာသည်။လှည့်လာတဲ့ ရရမျက်နှာလေးသည် ငိုထားရလွန်းသဖြင့့််နီရဲမို့အစ်နေသည်။
"ငါ့ထက် သူက အရေးပါသွားပြီလား..ဟင့်ဟင့်အဟီး..."
"မငိုပါနဲ့တော့..မမရယ်..ကျွန်တော်နှလုံးသားတွေ တဆစ်ဆစ်နာလို့ပါ..."
ရရက အထင်မျက်နှာကို လက်ညိုးငေါက်ငေါက်ထိုးလိုက်ပြီး...
"နင် ကလဲ့စားချေရမယ်..အဲဒါမှတ်ထား..ဘာပဲဖြစ်နေနေ..စွန့်လွှတ်နိုင်ရမယ်..."
"မမ..."
"ငါ့ကို..ကယ်ပါ..မောင်လေးရယ်..."
"မမ မသွားပါနဲ့...မမ......."
အထင် တကိုယ်လုံး ဆက်ခနဲ့တုန်သွားရသည်။
"မောင်..မောင် အိပ်မက်ဆိုးမက်နေတာလားဟင်.."
"ဟင်..."
အထင် အိပ်မက်ကနေ လန့်နိုးသွားသည်။အိပ်မက်က တကယ့်အတိုင်းပီပြင်လွန်းသဖြင့်..မမမျက်နှာလေးကတဝေ့လည်လည်၊
အထင်နဖူးက ချွေးတွေကို ယောက သူမလက်ခုံလေးနဲ့ဖွဖွလေးသုတ်ပေးသည်။ထို့နောက်...ခုံပေါ်တင်ထားတဲ့ ရေခွက်ကို..အထင်ကိုကမ်းပေးလိုက်သည်။
"ရေသောက်လိုက်နော်..."
"နေပါစေ.."
အထင် ကုတင်ပေါ်က ထလိုက်ပြီး အခန်းပြင်ထွက်လာခဲ့သည်။သူ့နောက်က လိုက်လာဖို့ဟန်ပြင်နေတဲ့ ယောကိုလှည့်ကြည့်ပြီး..