💔 အလျော်အစား 💔
================
အပိုင်း-၁၆
=======အတိတ်ကာလ....
"ဂျိန်း..ဂျလိမ့်..."
မိုးက အချိန်အခါမဟုတ် ရွာနေသည်။လျပ်စီးတွေ လက်ပြီး..မိုးခြိမ့်သံတွေပါ..ဟိန်းထနေသည်။
ထိုအချိန်တွင် အထင်တစ်ယောက် အိမ်အောက်ထပ်ကို ပြေးဆင်းလာခဲ့သည်။အပေါ်ထပ်တွင် မမ မရှိ။
"မာမီ. .မာမီ.."
"ဘာလဲ..သား.."
"မမ..မမအိမ်မှာ မရှိဘူး.."
"ဘာ..အိမ်မှာ..မရှိတော့..ဘယ်ရောက်သွားတာလဲ..ဟေ့..သားလေး..."
ဒေါ်သက်ထား စကားမဆုံးခင်မှာပင်..အထင် အိမ်ထဲက..ပြေးထွက်လာခဲ့သည်။ခြံပြင်ကို ရောက်ခါနီးမှ အထင်ခြေထောက်တို့ တုံခနဲ့ရပ်သွားသည်။
ဇွန်ပန်းရုံအောက်တွင် ထိုင်နေသော အရိပ်လေး...
"မမ.."
အထင် ရရဆီ အပြေးရောက်သွားသည်။
"မမ"
အထင်ကိုင်လှုပ်ပြီးခေါ်လိုက်သည်နဲ့..ရရ တကိုယ်လုံးပြိုလဲကျသွားသည်။
"မမ..."
အထင််ရှိသမျှအားနဲ့ကြုံးအော်လိုက်တော့...အိမ်ထဲကထွက်လာနေပြီဖြစ်သော..ဖွားလက်နဲ့ဒေါ်သက်ထားက အပြေးရောက်လာကြသည်။
"သမီးလေး..."
သတိမေ့နေပြီဖြစ်သော..ရရကို ဒေါ်သက်ထားနဲ့ဖွားလက်က ချီမသွားကြသည်။အထင် လက်သီးကိုကျစ်နေအောင် ဆုပ်ပြီး..အံကြိတ်လိုက်သည်။
ဒီအိမ်တွင်..ယောက်ျားသားဆို၍..သူတစ်ယောက်သာရှိသည်။ကိစ္စအဝဝကို..သူ တာဝန်ယူရပါလိမ့်မည်။
ထို့နေ့ကစပြီး...နီရဲမို့အစ်နေသော မျက်နှာနဲ့ရရက အခန်းထဲကမထွက်တော့ပေ။
💔💔💔💔💔💔💔💔💔💔💔💔💔💔💔💔
"မမ"
အထင် ဝင်လာတော့..ရရ စောင်ကို ခေါင်းမြီးခြုံလိုက်သည်။အထင်..နှုတ်ခမ်းလေးမဲ့သွားရကာ...
"မမ..ဘာလို့လဲ..သားကို တောင်..မတွေ့ချင်တော့ဘူးလား"
"ထွက်သွား..."