💔 အလျော်အစား 💔
================
အပိုင်း-၃
======"ဖျောက်...ဖျောက်..."
ယောတို့အိမ်မရောက်မီပင် ကွတ်ကြားမိုးက ရွာချ၏။
"မိုးရွာလာပြီ.."
အထင် တီတိုးရေရွတ်ရင်း..မားကတ်တစ်ခုရှေ့တွင် ရပ်လိုက်သည်။ယော ဆင်းပြီးသည်ထိ အထင်ကကြည့်နေပြီး...မိုးလှုံတဲ့နေရာတွင် ဝင်ခိုလိုက်ကြသည်။
"မိုးတိတ်မှ သွားရအောင်နော်.."
ယော ခေါင်းညိတိပြလိုက်သည်။
ယောက..မိုးနဲ့မတည့်ပေ၊နည်းနည်းလေး မိုးမိတာနဲ့ဖျားတတ်သည်။
ယောကိုယ်လေး..လေအဟပ်တွင် တုန်တက်သွားရသည်။ထို့ကြောင့် လက်မောင်းလေးကိုဖိပွတ်ပြီး..ယော လက်ပိုက်လိုက်သည်။
ထို့စဉ်..ယောကိုယ်လေးနွေးသွားရသည်။အဘယ်ကြောင့်ဆိုသော်..အထင်က ဝတ်ထားတဲ့ လေသာကုတ်လေးကို..ချွတ်ပြီး ယောကိုယ်ပေါ်တွင် ခြုံပေးလိုက်၍ဖြစ်သည်။
"ရပါတယ်..ဟို"
"ခြုံထား မင်း အေးနေပုံပဲ.."
အထင်ကပြောပြီး မားကတ်ထဲပြေးဝင်သွားသည်။ခဏကြာတော့ ပြန်ရောက်လာသည်။လက်ထဲတွင် ကော်ဖီဗူးနှစ်ဗူး ပါလာသည်။
"သောက်လိုက် နွေးသွားလိမ့်မယ်"
"ကျေးဇူးပါပဲ.."
ယော အထင် ကမ်းပေးတဲ့ ကော်ဖီဗူးလေးကိုလှမ်းယူလိုက်သည်။
တကယ်လည်း..နွေးတဲ့ကော်ဖီလေးကြောင့် ယော တကိုယ်လုံး နွေးထွေးသွားရသည်။
"မိုးတိတ်သွားပြီ..သွားရအောင်..အထင်ကရ.."
"ခဏ.."
အထင်ကပြောလည်းပြော ယောလက်တစ်ဖက်ကိုလှမ်းဆွဲသည်။ထို့နောက်.ယောရဲ့နဖူးပေါ်မိုးရေနဲ့ကပ်နေတဲ့ ဆံပင်လေးတွေကို တစ်ပင်ချည်း ခွာပေးသည်။
"ခုနကတည်းက..မြင်တယ် မင်းမကြိုက်မှာစိုးလို့"
ယောလည်း အထင်ရဲ့ထင်မှတ်မထားသော အပြူအမူကြောင့်..ဒီအတိုင်းရပ်နေမိသည်။သူပြောတဲ့အတိုင်းဆို ယောက ခုကြိုက်လို့ငြိမ်နေတာပေါ့လေ..