💔 အလျော်အစား 💔
================
အပိုင်း-၁၁
======="မောင်..မင်းကို ချစ်တယ်.. "
"ဟင့်အင်း.."
ယော..အထင်ရင်ခွင်ထဲကနေ ရုန်းထွက်လိုက်သည်။
"ဖေဖေက..မောင်တို့စည်းစိမ်တွေကို မတရားနည်းနဲ့ယူသွားတာလို့ပြောတာလား.."
"ဟုတ်တယ်.."
"အဲလို ဖေဖေ လုပ်စရာအကြောင်းမရှိဘူး.ရှင်ညာနေတာ."
အထင် မျက်လုံးတွေကျဉ်းမြောင်းသွားရကာ..
"အကြောင်းမရှိဘဲ ငါရန်လိုနေတာလား.."
"ယော မသိဘူး..ဒါပေမယ့် ဖေဖေကို ယော ယုံတယ်.."
"ငါ့ကို မယုံဘူးဆိုတဲ့သဘောလား ငါပြောပြမယ်..လိုက်ခဲ့.."
အထင်ဆွဲခေါ်သွားရာကို ယော အပြေးတပိုင်းပါသွားသည်။အထင်က..အခန်းတစ်ခုရှေ့တွင်ရပ်လိုက်ပြီး..
"ဝင်ခဲ့.."
အခန်းထဲအရောက်တွင်..ယော မျက်လုံးတွေ ဝိုင်းသွားရသည်။နံရံတိုင်းတွင် ဓာတ်ပုံတွေက နေရာအနှံ့ နေရာယူလျက်...
အထင်..ယောက်ျားနဲ့မိန်းမ စုံတွဲပုံကို..လက်ထောက်လိုက်ပြီး....
"ဒါ မောင့်ဒယ်ဒီနဲ့မာမီပဲ..."
ပြောပြနေတဲ့ အထင်မျက်ဝန်းတွင်..ဆွေးမြေ့ရိပ်သမ်းနေခဲ့သည်။
💔💔💔💔💔💔💔💔💔💔💔💔💔💔💔💔
စင်္ကြာဝဠာ...ကုမ္ပဏီ...
ထိုကုမ္ပဏီသည် ဒီနိုင်ငံတွင် မသိသူ မရှိသလောက်ပင် နာမည်ကျော်ကြားသည်။ထိုကုမ္ပဏီရဲ့ ပရိုပရမ်တွေက အဆင့်မြင့်လွန်းသဖြင့်..ပြိုင်ဖက်ကုမ္ပဏီတွေကြား..ထောင်လွှားနေနိုင်၏။သို့သော်...တစ်နေ့နေ့...ထိုတစ်နေ့နေ့တွင်...
ဦးဝဠာက လောဘကြီးသည်။ဘယ်လောက် ချမ်းသာသာ ကြိုးစားသည်။သို့ပေမယ့် ဦးဝဠာရဲ့အားနည်းချက်က အယုံလွယ်ခြင်းဖြစ်သည်။
"ယောက်ျားရယ်..ထမင်းစားရအောင်..ကလေးတွေလည်း စောင့်နေကြပြီ"
ဦးဝဠာက ထိုင်ရာက မထဘဲ..
"အေးပါ မိန်းမရာ..စားနှင့်.."