💔 အလျော်အစား 💔
===============
အပိုင်း-၂၀
=======
"အထင်..ထ..ဟေ့ကောင်""ဟင်..ဘာလဲ.."
နေ့ခင်းကြောင်တောင်လာအိပ်နေတဲ့..အထင်တစ်ယောက် မင်းဇော်လှုပ်နှိုးမှ နိုးလာခဲ့သည်။
မင်းဇော်က အထင်ထထိုင်လိုက်သည်ထိ..စောင့်နေပြီးမှ မျက်နှာလွဲလိုက်သည်။ထို့နောက််မျက်နှာမသာမယာနဲ့
"မင်း..ဝမ်းသာချင်ရင် ဝမ်းသာပေတော့ ဦးအာဏာ သေသွားပြီတဲ့"
"ဟင်."
အထင်မယုံနိုင်သလို..အံသြသွားရသည်။
"ဟုတ်လို့လား..မင်းကလဲ.."
"ဟုတ်တယ်..မနက်တုန်းကတဲ့ နှလုံးရပ်ပြီးသေသွားတာ"
အထင်..ထရပ်လိုက်ပြီး..မျက်မှောင်ကုတ်သွားရသည်။မင်းဇော်အမူအရာကလည်း တည်နေသဖြင့်..အထင် ယုံသွားရသည်။ဒါဆို..မနက်တုန်းက ဦးအာဏာ ဟန်ဆောင်တာ မဟုတ်ဘူးပေါ့...
"အထင်..ခဏနေဦးလေ..ငါလဲလိုက်မယ်.."
မင်းဇော်လိုက်အော်ပေမယ့်..အထင်..လှည့်မကြည့်ဘဲပြေးထွက်လာခဲ့သည်။
"ယော..ခုဆို..ဘာဖြစ်နေပြီလဲ.."
💔💔💔💔💔💔💔💔💔💔💔💔💔💔💔💔
အိမ်တွင်..လူအများအပြားရောက်နေတာ ကြည့်ပြီး..အထင်ခြေလှမ်းရပ်သွားသည်။ထို့စဉ်..အခန်းထဲက စင်ဒီထွက်လာပြီး...
"အထင်ကရ ဘာလုပ်နေတာလဲ လာလေ ယော အရမ်းငိုနေလို့လုပ်ပါဦး"
"အင်း..ငါ ခုမှသိလို့.."
"အန်ကယ်ကိုတော့ ရေခဲတိုက်ပို့လိုက်ပြီ ရှင့်ဖုန်းက စက်ပိတ်ထားလို့ မင်းဇော်ဆီဆက်လိုက်တာ သွား ယောကို ရှင် နည်းနည်းချော့လိုက်ပါ"
အထင် ဧည့်ခန်းထဲက လူတွေကိုရှောင်ပြီး..အခန်းထဲဝင်လာခဲ့သည်။စင်ဒီက အပြင်ကနေ တံခါးပိတ်လိုက်ရင်း..မျက်ရည်ကိုဖိသုတ်သည်။
တွေ့လိုက်ပါပြီ..ယောက ကုတင်ပေါ်တွင် ဒူးလေးပစ်ပြီး..ငိုနေသည်။"ယော"
အထင်..အသံကြားတော့..ယော ငိုနေရင်းမှမော့ကြည့်သည်။
"မောင်..အဟင့်"
ယော ထရပ်ပြီး..ဝမ်းပန်းတနည်း အထင်ကိုပြေးဖက်သည်။ထို့နောက်..ကလေးလို ရှိုတ်ကြီးတငင်ငိုသည်။အထင်..ယော ကျောလေးကိုပုတ်ပေးလိုက်ရင်း...