Ep-2

5.2K 364 16
                                    

ရင်ဘက်ထဲထိထိုးဖောက်ဝင်ရောက်လာတဲ့အကြည့်တို့ရယ် ဘယ်ဘက်မျက်ဝန်းအစွန်ကမှဲ့နက်လေးရယ် မထူမပါးခပ်ရဲရဲအနမ်းလေးရယ် သော့် ရင်ထဲထိစွဲလမ်းရပါလေရဲ့

'ဟူး..'

ခြံထဲကခုံတန်းလေးမှလှဲချမိကာ ကောင်းကင်ကကြယ်လေးများကိုကြည့်မိရင်း

'ဖမ်းစားနိုင်လိုက်တာအန်တီရယ်'

'ဘာတွေဖမ်းစားမလို့လဲမရွှေချော'

'ဟာ မမ

'ဘယ်ကောင်မလေးကိုဖမ်းစားမလို့လဲ'

အိမ်က သော့်ရဲ့ လိင်စိတ်ခံယူမှု့ကိုလက်ခံကြတယ်

'သော်က မဖမ်းစားပါဘူး သူက သော့်ကိုဖမ်းစားသွားတာ'

'ပြောပါဦး သို့သော် ရဲ့နှလုံးသားကိုဖမ်းစားသွားတယ်ဆိုတော့ ဘယ်ကောင်မလေးလဲ'

'ကောင်မလေးမဟုတ်ဘူး အမျိုးသမီးတစ်ယောက်'

'ညီမလေးတွေမဟုတ်ပဲ မမတွေပြောင်းကြိုက်တော့မယ်ပေါ့'

'မဟုတ်ဘူး အန်တီတွေကို'
.....
'တကယ်ပါမမရယ် အဲ့ကောင်မလေးကလူကိုလာပြီးရိသဲ့သဲ့နဲ့'

အမဖြစ်သူ သီတာကိုဖြစ်ခဲ့တာတွေပြန်ပြောပြနေတဲ့ ခင်

'ခင့်ပြောပုံအရဆို အဲ့ကောင်မလေးက ခင့်ကိုတည့်ကြွေသွားတာနေမယ်'

'တည့်ပဲကြွေကြွေ စောင်းပဲကြွေကြွေ ခင်တို့ကမိန်းကလေးတွေလေ သူဒါလေးတောင်မသိဘူးလား'

'ခင် ခင် ဒါကြောင့်မမပြောပါတယ် အင်တာနက်သုံးရတာမကြိုက်ရင်တောင် ခေတ်ရေစီးကြောင်းနဲ့ညီအောင်တော့ fb လေးဘာညာတော့နဲနဲကြည့်ပါလို့ ဒီနေ့ခေတ်မှာ မိန်းကလေးချင်း ယောကျ်ားလေးချင်းချစ်ကြတာထူးဆန်းတဲ့အရာမဟုတ်တော့ဘူး မြန်မာနိုင်ငံကလူတွေကတော့အမြင်ကျင်းနေစဲပေါ့'

'တော်ပါ မမရယ် တွေးကြည့်ရုံနဲ့တင်ကျက်သီးထတယ်'

'ကဲ အဲ့ကောင်မလေး ခင့်ကိုဖွင့်ပြောတော့ ခင်ဘယ်လိုနေလဲ'

'ရှက်ပြီးတော့ မျက်နှာတွေပူတယ် ပြီးတော့'

'ရင်ခုန်တယ်မလား'

ထပ်ချစ်ခဲ့မည်ဆိုလျှင်Where stories live. Discover now