Ep-1

11.4K 457 20
                                    

'သော်ရယ် လုပ်စမ်းပါဟာ ငါ့ညီမလေးကိုသွားခေါ်ပေးစမ်းပါ'

'ဟာ ကိုယ့်ဘာကိုယ်သွား'

ဂိမ်းဆော့နေတဲ့ သော့်အနားကိုလာကာပူညံပူညံလုပ်နေတဲ့ နိုနို ငယ်ငယ်လေးထဲကပခုံးဖက်ပေါင်းလာတဲ့သူငယ်ချင်းလဲဖြစ်သလို ဘေးချင်းကပ်အိမ်နီးချင်းလဲဖြစ်တယ်

'ကြိုပေးစမ်းပါလို့ မဟုတ်ရင် ငါ ရှိုးပွဲသွားရမှာမဟုတ်ဘူး'

'အေးအေး ကြိုပေးမယ် သွားတော့ နားကိုညီးတယ်'

'အာ့ကြောင့်ချစ်နေရတာ'

နိုနိုက သူ့ညီမဖြစ်သူ မွန်း ကို ည guideကေနအမြဲကြိုေပးရတယ် ဒီည သူ့ idol ဘန်နီဖြိုး ရဲ့ showပွဲဒီညရှိတာမို့လို့ သော့်ကို အစားကြိုခိုင်းနေခြင်းပင်

'အေးသိန်း အေးသိန်း'

'ရှင့် မမလေး'

'ရှင့်ကိုနောက်ထား လူအရင်လာ'

'မမလေးဘာခိုင်းမလို့လဲ'

'ငါ့ကိုနွားနို့ယူလာပေး ပူပူလေးနော် ပြီးတော့ချိုချိုလေး'

'ဟုတ် မမလေး'

'မြန်မြန်နော်'

သော့်နမည်အရင်းက သို့သော်
ထူးဆန်းတယ်မလား သော်ကိုယ်တိုင်လဲထူးဆန်းတယ်ထင်ခဲ့တာ အဓိပ္ပါယ်ဘာကိုဆိုလိုချင်လဲမသိပေမဲ့ ဒီနမည်လေးကို သော်သဘောကျတယ် သော်က သုခစံအိမ်ကြီးရဲ့ ဘုရင်မလေးပင် မွေးချင်းမောင်နှမ ၃ယောက်ရှိပြီး သော်ကအငယ်ဆုံး ပြီးတော့သော်ငယ်ငယ်တည်းက မိဘတွေကကားတိုက်ပြီးဆုံးသွားကြတာမို့ သော့်ကိုတစ်အိမ်လုံးကအလိုလိုက်အကြိုက်ဆောင်ထားကြတယ် သော်ရော မမကြီးရော ကိုလတ်ရောက ဘွားဘွားလက်ထဲကြီးပြင်းလာကြပြီး သော်ကတော့အဘွားရဲ့အချစ်တုံးလေးပင်

'သော်လေး'

'ဘွားဘွား'

အခန်းထဲဘွားဘွားဝင်လာတာမို့လို့ ဆော့လက်စဂိမ်းကိုရပ်ကာ အဘွားကိုပြေးဖက်လိုက်တယ်

'ဘွားဘွားကလဲ သော်ကဘွားဘွားကိုလွမ်းနေတာ'

အဘွားဖြစ်သူ က မန္တလေးကို ၃ရက်တက်သွားပြီးမှ ပြင်ဦးလွင်ကိုပြန်လာတာမို့ချွဲနေခြင်းပင်

ထပ်ချစ်ခဲ့မည်ဆိုလျှင်Where stories live. Discover now