'ခင်'
'ရှင် မမ
'ဘာဖြစ်လို့လဲ'
'ဘာကိုလဲ'
'ခုလိုဝရံတာမှာတစ်ယောက်ထဲကော်ဖီတစ်ခွက်နဲ့ထွက်ထိုင်နေပြီဆိုရင် ခင်တစ်ခုခုဖြစ်နေပြီလေ'
'မမ ကတော့အကုန်သိနေတော့တာပဲနော်'
'ကဲ ပြောပါဦးဘာဖြစ်နေတာလဲ ချစ်ချစ်က မလာလို့လား'
'ဆိုပါတော့'
'ဘာဖြစ်လို့တဲ့လဲ အကြောင်းရင်းသိပြီးပြီလား'
'ဟင့်အင်'
'သူကရောဆက်သွယ်လား'
'မဆက်သွယ်ဘူး'
'ခင်ရောသူ့ကိုဆက်သွယ်လား'
ခင် ခေါင်းခါပြမိတယ်
'အဲ့တာအဓိကပြသနာပဲ သူမဆက်သွယ်တာနဲ့ကိုယ်ကမဆက်သွယ်ရောလား မမပြောပြမယ် ခင် မာနတွေခံနေရင် ဘယ်လောက်ပဲချစ်ကြပါတယ်ဆိုတဲ့ relationships ဖြစ်ပါစေ ပျက်တောက်သွားမှာခင် မမပြောတာနားလည်လား'
'အင်း နားလည်ပါတယ်'
'ဒီတော့ရော့ ဖုန်းဆက်လိုက်ဘာဖြစ်နေလဲဆိုတာသေချာမေးလိုက် ဟုတ်ပြီလား'
'အင်း'
ခင် သူမလေးကိုဖုန်းခေါ်လိုက်တယ်
'မိတ်ဆွေခေါ်ဆိုသောဖုန်းနံပါတ်မှာ စက်ပိတ်ထားတယ်ရှင်'
တဲ့ ဘာဖြစ်လို့စက်ပိတ်ထားရတာ သူ့ဖုန်းနံပါတ်ပဲသိတာ သူ့အိမ်ဖုန်းကိုမသိတော့ခက်နေလေပြီ
'မနက်ကျရင်တော့ သူ့အမဆီသွားဦးမှပါလေ'
..
'ကြိုဆိုပါတယ် ဘာများကြည့်မလဲမသိဘူး''ရူပါနဲ့တွေ့ချင်လို့ပါ'
'သူဌေးက ဆိုင်ကိုမလာတာ ၃ ရက်ရှိပြီ '
'ဘာလို့လဲ သိလား
'မမလေးသော် နေမကောင်းလို့ သူဂရုစိုက်ပေးနေရလို့ပါတဲ့'
'အိမ်လိပ်စာပေးလို့ရမလား'
ဝန်ထမ်းကောင်မလေးပေးတဲ့လိပ်စာအတိုင်းလိုက်ခဲ့တယ်

YOU ARE READING
ထပ်ချစ်ခဲ့မည်ဆိုလျှင်
Romanceအကယ်၍ တို့ဘဝမှာထပ်ပြီးချစ်ခဲ့မယ်ဆိုရင်တောင် အဲ့လူကမင်းမဟုတ်ဘူး သို့သော် ပြုံးမဒီခင် သော်ကလဲ အန်တီကလွဲရင် ဘယ်သူ့ကိုမှထပ်မချစ်နိုင်ဘူး သို့သော်