'သော် အန်တီသူငယ်ချင်းတစ်ယောက်ရဲ့မွေးနေ့သွားရမှာမို့လို့ ပန်ပန့်ကိုကြိုပြီးအိမ်ပို့ပေးလို့ရမလား'
'အွန်း ရတယ်လေ ဒါနဲ့မွေးနေ့ကဘယ်အချိန်ထိမို့လဲ'
'၈ခွဲ ၉ လောက်ထိလို့ထင်တာပဲ'
'စောစောပြန်လာနော် အကြာကြီးမနေနဲ့'
'ဟုတ်ပါပြီရှင့်'
အန်တီနဲ့ဖုန်းချပြီးတာနဲ့ ကျူရှင်ကြိုဖို့အဝတ်စားလဲကာထွက်လာခဲ့တယ်
'မွန်း အိမ်ထဲမှာခဏစောင့်နေ မမ ပန်ပန့်ကိုအရင်ပြန်ပို့ပေူလိုက်မယ်'
'ရတယ် မမသော် မွန့်ကိုအရင်ပြန်ပို့ပေးလိုက်ပါလား သူ ကိုယ်ငွေ့နဲနဲရှိနေလို့'
'အင်း အဲ့တာဆို ပန်ပန် အိမ်ထဲကစောင့်နေနော်'
မွန်းကိုမြန်မြန်ပို့ပြီးတာနဲ့ ပန်ပန့်ဆီအမြန်သုတ်ချေတင်ရသေးတယ်
'မြန်တာ ဖြေးဖြေးမောင်းပါ မမသော်ရဲ့ ပန်ကအေးဆေးမှပို့ပေးလဲရတယ်'
'မဟုတ်တာ ကဲ တက်တက်'
သော့်ရဲ့ခါးကိုဖက်တွယ်လာတဲ့ပန်ပန့်လက်
' ပြုတ်ကျမှာကြောက်လို့ ဖက်ထားပါရစေ'
(အကွက်တွေစလာပြီ)
'အင်း'
'ပြင်ဦးလွင်ဆောင်းကအတော်အေးသားနော်'
'ဟုတ်တယ် ပန်ပန်'
'ပန်တို့အရင်နေခဲ့တဲ့မြို့ကဆောင်းတွင်းဆိုဒီလောက်မအေးဘူး'
'အရင်မြို့? ပန်တို့ကအရင်ထဲကဒီမှာနေတာမဟုတ်ဘူးလား'
'ဒီမှာကအန်တီလေးရယ် ဘွားဘွားရယ်နေတာ ပန်နဲ့မေမေက ဖေဖေနေတဲ့မြို့မှလိုက်နေတာ ဒါပေမဲ့ မိဘတွေကွာရှင်းလိုက်တော့ မေမေနဲ့ပြင်ဦးလွင်ကိုပြန်လာပြီး ဒီမှာပဲအခြေချလိုက်တာ '
'သြော်'
'တစ်ခါတလေတော့လဲ ဖေဖေ့ကိုလွမ်းမိသား ဘယ်လိုပဲမကောင်းတဲ့သူဖြစ်နေပါစေ ဖေဖေပဲလေ'
အားငယ်စွာပြောတဲ့ ခါးဆီမှ ပန်ပနိ့လက်ကို သော်ဘယ်ဘပ်လက်လေးနဲ့အုပ်မိုးကိုင်ကာအားပေးမ်ိတယ်
ရုတ်တရက် သော့်နောက်ကျောကိုပါးအပ်ကာမှီလာပြီး ခညးကလက်တို့ပိုမိုတင်းကြပ်လာတဲ့ ပန်ပန်
![](https://img.wattpad.com/cover/344329723-288-k121492.jpg)
YOU ARE READING
ထပ်ချစ်ခဲ့မည်ဆိုလျှင်
Romanceအကယ်၍ တို့ဘဝမှာထပ်ပြီးချစ်ခဲ့မယ်ဆိုရင်တောင် အဲ့လူကမင်းမဟုတ်ဘူး သို့သော် ပြုံးမဒီခင် သော်ကလဲ အန်တီကလွဲရင် ဘယ်သူ့ကိုမှထပ်မချစ်နိုင်ဘူး သို့သော်