'အခုတလောမကြာခဏမေ့တာတွေရှိလာတာလား'
'ဟုတ် နဂိုကတော့ တစ်လတစ်ခါလောက်မှဆိုပေမဲ့ ခုတလော နှစ်ပတ်တစ်ခါလောက်ဖြစ်လာတယ်'
'ဘယ်လိုပုံစံမျိုးလဲတစ်ချက်လောက်ပြောပြပေးပါလား'
'ဥပမာ ပစ္စည်းတစ်ခုယူဖို့သွားရင်းပစ္စည်းမေ့သွားတာမျိုး အိမ်ပြန်ရင်းအိမ်ပြန်လမ်းမေ့သွားတာမျိုး'
သော် တစ်ယောက်ဆရာဝန်နဲ့ဆွေးနွေးမှု့တွေလုပ်နေတယ်
'သော် အခြေနေ'
'ထပ်စစ်ဆေးရဦးမယ်တဲ့ဒီနေ့တော့ပြန်လိူ့ရပြီတဲ့ စိတ်မပူပါနဲ့မမရယ် သော်ကသန်မာတယ်လေသိတယ်မလား'
'ခုနက သော်အထဲဝင်သွားတုန်းကမမခင်ဆီကနေဖုန်းလာတယ်'
'သော်ပြန်ဆက်လိုက်မယ် အန်တီ့ကိုဒီအကြောင်းတွေသွားမပြောနဲ့နော် စိတ်ပူနေဦးမယ်'
'အင်း'
'Helloအန်တီ ဖုန်းဆက်တယ်ဆို သော်ခုနကအလုပ်ရှုပ်နေလို့'
'ဆေးခန်းပြတယ်ဆိုဒီနေ့ အဆင်ပြေလားလှမ်းမေးတာ'
'100%okပဲ'
'ဟုတ်ပါပြီ '
'ဒါနဲ့အန်တီ ညကျ dinner ထွက်စားကြမလား မdateရတာကြာပြီလေ'
' အဲ့လိုကိစ္စတွေလုပ်ဖို့တို့မအားဘူးသော် ဆိုင်မှာအလုပ်တွေရှိသေးတယ် ဖုန်းချလိုက်တော့မယ်နော်'
သော့်ဘက်ကတုန့်ပြန်ချက်ကိုမစောင့်ပဲဖုန်းချသွားတယ်
'အန်တီတကယ်မအားဘူးထင်တယ် နေ့လည်စာရောစားရပါ့မလား ဝယ်သွားပြီး သွားပို့မှထင်တယ်'
သော်အန်တီ့အတွက်ရော ဆိုင်ကဝန်ထမ်းတွေအတွက်ပါစားစရာတွှေဝယ်ပြီး ဆိုင်ကိုရောက်ခဲ့တယ်
'သော်လေးဘာလာလုပ်တာလဲ'
'အန်တီ့ဆီလာတာလေ သူအလုပ်မအားဘူးဆိုလို့နေ့လည်စာလွတ်သွားမှာစိုးလို့ဝယ်ပြီးလာပ်ု့တာ မမတို့အတွက်ရောပဲ'
'မမခင်ကဆိုင်ကိုမလာတာ၂ရက်ရှိပြီ'
'ဟမ် သူခုနကပဲဆိုင်မှာလို့ပြောတယ်
သူတစ်ခြားအလုပ်တစ်ခုနဲ့မအားလို့နေမယ် ရော့မုန့်တွေယူထားလိူက် အန်တီရောက်လာရင်သော်လာသွားတယ်ပြောပေးနော်'
YOU ARE READING
ထပ်ချစ်ခဲ့မည်ဆိုလျှင်
Romanceအကယ်၍ တို့ဘဝမှာထပ်ပြီးချစ်ခဲ့မယ်ဆိုရင်တောင် အဲ့လူကမင်းမဟုတ်ဘူး သို့သော် ပြုံးမဒီခင် သော်ကလဲ အန်တီကလွဲရင် ဘယ်သူ့ကိုမှထပ်မချစ်နိုင်ဘူး သို့သော်