Ep-4

4K 318 11
                                    

တွေ့နေရရင်အမြင်ကပ်ပေမဲ့ မတွေ့ရတော့လဲလွမ်းသလိုလိုပင်

'အန်တီရောက်နေပြီလား'

'ဟုတ်တယ်နိုနို ဒါနဲ့ သို့သော် မပါဘူးလား'

'ဟုတ်တယ် မွန်းကိုသူမကြိုပေးနိုင်တော့လို့ဆိုလို့ နို ပဲပြန်ကြိုတာ'

'သူဘာဖြစ်လို့လဲ'

'သူအိမ်ကနေထွက်သွားတာ ခုထိပြန်မရောက်သေးဘူး
ဒါပေမဲ့ စိတ်မပူပါနဲ့ သူကအဲ့လိုပဲ နှစ်ပတ်လောက်ပျောက်သွားပြီးရင်ပြန်ရောက်လာရော'

ဘယ်လိုလူတွေလဲ အိမ်ကလူတစ်ယောက်လုံးပျောက်သွားတာတောင်လိုက်မရှာတဲ့သူတွေကိုအံ့သြတယ် အခုတော့ အိုးကမပူ စလောင်းကပူဆိုတဲ့အဖြစ်မျိုးဖြစ်နေပြီ.  မိသားစုဝင်တွေကလိုက်မရှာပဲ ခင်ကလိုက်ရှာနေမိတယ်

'အန်တီပန်းယူမလို့လား'

'သို့သော် ရောက်လာသေးလား'

'မမလေးသော်မလာဘူးဗျ သူလာရင်ဘာပြောပေးရမလဲဗျ'

'ဟင့်အင် ရတယ်'

နံရံက ထိုကလေးမဆွဲပေးထားတဲ့ ပန်းချီကားလေးကိုရပ်ကြည့်မိကာ

'မင်းကိုတို့အမြင်ကပ်တယ် သို့သော်
တို့အတွေးတွေထဲခွင့်ပြုချက်မရှိပဲဝင်လာတာတို့မကြိုက်ဘူး ပြီးတော့ တို့ရှေ့မင်းရောက်မလာတာကိုလဲတို့မကြိုက်ဘူး တို့ဆီပြန်ရောက်လာပါတော့ တို့မင်းကိုတွေ့ချင်တယ်'

ခင် သူငယ်ချင်းတွေနဲ့မုန့်ဆိုင်ထိုင်နေတုန်း ဆိုင်ထဲဝင်လာတဲ့ သော် သူ ခင့်ကိုမြင်တော့ပြန်ထွက်သွားတယ်

'ခဏနော်'

ခင် ထိုကလေးမနောက်ပြေးလိုက်ခဲ့တယ်

'သို့သော် သို့သော် ရပ်စမ်း သို့သော် တို့ပြောနေတယ်
ရပ်စမ်း'

အသံနဲနဲမြှင့်ပြီးခပ်မာမာလေသံနဲ့ပြောတော့ ရပ်သွားတယ်
ခင် သူမလေးရှေ့သွားကာ

'ပြောစမ်း မင်းတို့ကိုရှောင်နေတာ ဘာကြောင့်လဲ'

'မရှောင်ပါဘူး'

ထပ်ချစ်ခဲ့မည်ဆိုလျှင်Where stories live. Discover now