Ep-10

3.5K 265 4
                                    

'ပန် မမသော်ကိုချစ်တယ်'

တစ်ချိန်ကြဒီလိုပြောလာမယ်ဆိုတာ သော်သိပြီးသားမို့အရမ်းတော့မအံသြခဲ့ပေ

' ပန့်အရွယ်က သစ်ရွက်လှုပ်လို့ရင်ခုန်တက်တဲ့အရွယ်ဆိုပေမဲ့ ပန် မမသော်ကိုတကယ်ချစ်တာမို့ မမသော်အေးအေးဆေးဆေးစဥ်းစားပြီးမှသော့်ကိုအဖြေပေးပါ'

'ဟင့်အင် မမသော်မှာအဖြေအသင့်ရှိပြီးသားပါ မမသော် ပန့်ကိုမချစ်နိုင်ဘူး မမသော်မှာချစ်ရသူရှိတယ် မမ သူ့ကိုပဲချစ်တယ် သူ့ကိုပဲလက်ထပ်မှာပါ ပန့်အတွက်ဆိုတဲ့သီးသန့်လူတစ်ယောက်ကရှိလာမှာပါ ဒါကြောင့်မမသော်ကိုမေ့လိုက်ပါနော်'

'သူကဘယ်လိုလူမို့လို့ မမသော်ကပန့်ကိုငြင်းရက်ရတာလဲ သူကဘာတွေမှာကောင်းနေလို့ ပန့်ကိုငြင်းရတာလဲ'

'ဒါတွေတော့မမသော်မပြောပြတက်ပေမဲ့ မမသော်အတွက်သူသာလျှင်အလိုအပ်ဆုံးပဲ ဒါကြောင့် 528ဘောင်ထဲမှာပဲနေပါ ပန်ပန်  မဟုတ်ရင် မမသော်စည်းချရလိမ့်မယ်'

တင်းမာနေတဲ့စကားဝိုင်းကို မွန်း ဖြိုခွဲပေးမှရတော့မည်

'လာ မမသော် သွားကြရအောင် စောင့်နေကြလောက်ပြီ ပန်ပြီးမှငါပြန်လာမယ်နော် အိပ်နှင့်'

သော်နဲ့မွန်း ပန်ရှိရာနေရာကနေထွက်လာခဲ့တယ်

'မမသော်ကလေ အလိုက်ကမ်းဆိုးကိုမသိဘူး ဒီလိုပြောမှာကြိုသိလို့ သူများကအတင်းဆွဲခေါ်နေတာကိုသူကပါမလာဘူး'

'မသိဘူးလေလို့'

'သိရင်လဲနှစ်ယောက်မရှိဘူး မသိပြန်ရင်လဲနှစ်ယောက်မရှိဘူး'

'သိမှမသိတာကို'

'သော့်'

'အန်တီ့ကိုပြန်မပြောနဲ့နော်'

ဟုဆိုကာသူ့အန်တီဆီပြေးသွားတယ်

'အန်တီ'

သူ့​အန်တီကိုပြေးဖက်တဲ့ မမသော်ကိုကြည့်ကာ ခေါင်းတခါခါပင်တူမကိုကျခါးခါးသီးသီးဖြစ်နေပြီး အဒေါ်ကိုကျအသဲစွဲတဲ့

'ဘာလို့ကြာနေတာလဲ အန်တီကစိတ်ပူနေတာ'

'လမ်းမှာကြောင်လေးတွေ့လို့ဆော့နေတာ'

ထပ်ချစ်ခဲ့မည်ဆိုလျှင်Where stories live. Discover now