Ep-5

4K 303 18
                                    

မနက်မိုးလင်းတာနဲ့ချစ်ရသူလေးဆီကနေ ရောက်ရောက်လာတက်တဲ့စာတိုလေးများ

=မောနင်းပါအန်တီရေ
မနက်စာစားပြီးမှအလုပ်သွားနော်
ကားကိုလဲဖြေးဖြေးမောင်း ခါးပတ်လဲပက်နော် ရောက်ရင်စာပို့ဦး  သော် ခဏပြန်အိပ်လိုက်ဦးမယ် နေ့လည်ကျဆိုင်ကိုလာခဲ့မယ်နော် နေ့လယ်စာတူတူစားကြမယ် အာဘွား မွမွ
ချစ်တယ်အန်တီ😘😘😘

'နဂိုဆိုစက်ပိတ်ထားသလားမှတ်ရတဲ့ခင့်ဖုန်းက ခုဆို တတောင်တောင်နဲ့မြည်နေတာ နားတွေကိုငြီး...လို့'

'ဟော မမကလဲ ဖုန်း မသုံးတုန်းကလဲ မသုံးလို့
သုံးပြန်တော့လဲ သုံးပြန်လို့ ခင်ကသုံးရမှာလား  မသုံးရဘူးလား'

'သုံးပါ သုံးပါ ပြောမိတဲ့ကျွန်တော်မျိုးမအမှားပါလေ'

'ငါ့မြေးလေးနိုးလာပြီလား'

'ဟုတ် ဘွာဘွား'

ထမင်းစားခန်းထဲ ပန်ပန်ဝင်လာတယ်

'သက်သာလားမြေး '

'ပန် ဘာဖြစ်လို့လဲ မေမေ'

'ညက နှလုံးနဲနဲပြန်အောင့်လို့တဲ့'

'ဟယ် ဒါဆိုဆေးခန်းပြန်ပြမှဖြစ်မှာပေါ့'

'ရပါတယ် အန်တီလေးရယ် ညကလဲ နဲနဲ မောရုံတင်ပါ အခုအဆင်ပြေသွားပြီ'

'မသက်သာရင်အန်တီလေးကိုပြောနော်
ဒေါက်တာနဲ့ချက်ခြင်းလိုက်ပြပေးမယ်'

'ဟုတ်'

တစ်ခါတလေ ပန့်ကိုကြည့်ကာ ခင် စိတ်မလုံမခြုံဖြစ်တယ်
တူမ သဘောကျတဲ့သူနဲ့ချစ်သူဖြစ်နေတာ ဖြစ်သင့်ရဲ့လားလို့

'ခင် ပန့်ကိုကျောင်းဝင်ပို့ပေးနော် မမ သွားစရာရှိလို့'

'ဟုတ် မမ

အိမ်ကနေစထွက်လာတည်းကခုထိငြိမ်နေတဲ့တူမဖြစ်သူ

'ပန် မောလို့လား အဆင်မပြေဘူးလား'

'ပြေပါတယ်'

ထပ်ချစ်ခဲ့မည်ဆိုလျှင်Where stories live. Discover now