'အဲ့အထည်တွေက ၃ လမ်းကဆိုင်ကိုပို့နော် ဘောင်ချာလဲငေချာပေးခဲ့မမှားစေနဲ့'
ဆိုင်ဝန်ထမ်းတွေကိုဒေါင့်စေ့အောင်အမိန့်ပေးနေတဲ့အန်တီ
'ငါ့ချစ်သူကြီးကစမတ်ကျလိုက်တာလို့'
ကိုယ့်ဘာသာကိုယ်အသံထွက်ချီးကျူးကာ ကိုယ့်ငါးချဥ်ကိုယ်ချဥ်နေမိတယ်
'သော် ပျင်းနေပြီလား ရုပ်ရှင်လိုက်ပြမယ်ပြောထားတာကို အလုပ်ရှုပ်နေတော့လိုက်မပြနိုင်တာ'
'ဟင့်အင် ရုပ်ရှင်နေရတာထက် အန်တီအလုပ်လုပ်နေရတာကြည့်ရတာပိုသဘောကျတယ်'
'အမလေးစကားတက်လိုက်တာ ဒါကြောင့် အန်တီက တို့မိန်းမလေးကိုချစ်မဝတာ'
'🤭🤭'
'၁နာရီတောင်ကျော်နေပြီပဲ ဟိုကလေးမတွေ အလုပ်လုပ်တာရပ်ပြီး ထမင်းစားကြတော့'
'အဲ့စကားလေးစောင့်နေတာ'
'ကျွန်မကအသဲနှလုံးရှိတဲ့အလုပ်ရှင်ပါ စားကြ မုန့်မှာလိုက် ငါကျွေးမယ်'
'Wow တို့ boss ကသဒ္ဓါအားအရမ်းများနေတာ ဘာလို့ပါလိမ့်'
'ဒီမှာ ကျွန်မကောင်မလေးရှိနေလို့ဝယ်ကျွေးတာ နောက်မို့ဆိုဝယ်မကျွေးဘူး'
'သိပါတယ်နော်အတွဲရှိသူတွေများဂုဏ်ဆာနေကြတာ'
အန်တီနဲ့သူ့ဝန်ထမ်းတွေအပြန်လှန်စနောက်နေကြတယ်
'သော် ဘာစားမလဲ'
'အန်တီ'
'မရပါဘူး တို့ပဲစားမှာ မင်းကအစားခံရမှာ'
'ဟာ အန်တီ အန်တီ့သဘောလို့လပ်ကလုပ်ပြနယ်လေ အန်တီဝယ်ကျွေးရင်ဘာဖြစ်ဖြစ်စားမယ်လို့ပြောတာလေ အန်တီနော် ဘာတွေလျှောက်လျှောက်တွေးနေတာလဲ'
'သိပါဘူး တို့လဲဘာတွေတွေးနေမိမှန်း🤭🤭'
'အန်တီနှာဘူး'
'ရှင်လေးကိုပဲဘူးတာပါ'
'ဝှား...'

YOU ARE READING
ထပ်ချစ်ခဲ့မည်ဆိုလျှင်
Romanceအကယ်၍ တို့ဘဝမှာထပ်ပြီးချစ်ခဲ့မယ်ဆိုရင်တောင် အဲ့လူကမင်းမဟုတ်ဘူး သို့သော် ပြုံးမဒီခင် သော်ကလဲ အန်တီကလွဲရင် ဘယ်သူ့ကိုမှထပ်မချစ်နိုင်ဘူး သို့သော်